အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၄၀၈ ဒသမ ၂ သန်းကျော်အသုံးပြုပြီးဖြစ်

ဝါရှင်တန်   အောက်တိုဘာ  ၁၈


အမေရိကန်နိုင်ငံ၌      ယမန်နေ့နံနက်ပိုင်းအထိ    နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ရောဂါ   ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်အောက်တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ   ၄၀၈၂၆၅၉၅၉ လုံးအထိ အသုံးပြုပြီးဖြစ်ကြောင်း   အမေရိကန်  ရောဂါ ထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးစင်တာက  ပြောကြား သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၌ ပြည်သူ   ၂၁၈၈၀၅၅၇၉  ဦးသည်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   အနည်းဆုံး  တစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်းနှင့်  ၁၈၉၁၄၁၄၈၁ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏     ကိုဗစ်-၁၉ ရောဂါ 


ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင်    Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Johnson & Johnson ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အသုံးပြုခဲ့ ကြောင်း သိရသည်။


အမေရိကန်နိုင်ငံသည်    ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို  ဩဂုတ် ၁၃ ရက်တွင်   စတင်ဆောင်ရွက်ခဲ့ရာ  ပြည်သူ ၁၀ ဒသမ ၅ သန်းကျော်သည်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။


ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်