
ဂျကာတာ အောက်တိုဘာ ၁၉
အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ တစ်နေ့တည်း ၉၀၃ ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် သူပေါင်း ၄၂၃၆၂၈၇ ဦးအထိရှိလာခဲ့သည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၅၀ ထပ်မံသေဆုံး မှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၁၄၃၀၄၉ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် မှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၁၅၃၀ ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းလာသူ ၄၀၇၆၅၄၁ ဦး အထိရှိလာသည်။
ယနေ့အချိန်အထိ လူပေါင်းအနည်းဆုံး ၆၄ ဒသမ ၀၀ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၁၀၉ ဒသမ ၀၀ သန်းရှိကြောင်းနှင့် တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁ ဒသမ ၀၇ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက်သည်။
အင်ဒိုနီးရှားအစိုးရသည် ကိုဗစ်-၁၉ တတိယ လှိုင်းကူးစက်မှုကို ကြိုတင်ကာကွယ်ရန် နောက်နှစ် အစောပိုင်းတွင် ပြည်သူတစ်ရပ်လုံးကို အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဝန်ကြီး အဲယားလန်ဂါဟာတာတိုက ဗာကျူရယ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ကျန်းမာရေးဝန်ထမ်းများသည် ဇူလိုင်လမှ စတင်ကာ တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူလျက်ရှိသည်။ အစိုးရက ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင် ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ သည်။
ဆင်ဟွာ