အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၃၄ သန်းကျော်ရှိလာ


 

နယူးဒေလီ အောက်တိုဘာ ၁၉


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၁၃၀၅၈ ဦး ရှိလာ သောကြောင့် အောက်တိုဘာ ၁၉ ရက်တွင်   ကိုဗစ်-၁၉ ကူးစက်သူ ပေါင်း ၃၄၀၉၄၃၇၃ ဦး အထိ         ရှိလာခဲ့ကြောင်း    ကျန်းမာရေး     ဝန်ကြီးဌာန၏      နောက်ဆုံး ထုတ်ပြန်လိုက်သော      အချက် အလက်များတွင်      ဖော်ပြထား သည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း မှတ်တမ်းတင်ခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရေအတွက် သည် ရက်ပေါင်း ၂၃၁ အတွင်း အနည်းဆုံးဖြစ်ခဲ့ကြောင်း ကျန်း မာရေးဝန်ကြီးဌာနက ဆက်လက် ထုတ်ပြန်ဖော်ပြလိုက်သည်။  
ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ  ၁၆၄  ဦးရှိလာမှုနှင့် အတူ   စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄၅၂၄၅၄  ဦး အထိရှိလာခဲ့သည်။ 
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉  ကူးစက်လျက်ရှိသူ  ၁၈၃၁၁၈  ဦးအထိရှိပြီး   လွန်ခဲ့ သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်သူ    ၆၅၇၆ ဦးအထိ        လျော့နည်းလာခဲ့သည်။ 
ကိုဗစ်-၁၉          ကူးစက်မှုမှ ပျောက်ကင်းသွားပြီး    ဆေးရုံမှ   ဆင်းလာသူ      စုစုပေါင်း ၃၃၄၅၈၈၀၁ ဦး    ရှိလာပြီဖြစ် သည်။   အဆိုပါ  ပမာဏအနက် လွန်ခဲ့သော   ၂၄  နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၁၉၄၇၀ရှိ သည်။     
                         ဆင်ဟွာ