ကိုဗစ်နှင့် မြစိမ်းရောင်

Type
4444

 

 

  ခန့်ဇော်(ကျေးလက်) 

 

ကိုဗစ်ကြောင့် ခရီးသွားကန့်သတ်ခြင်းအပါအဝင် လိုက်နာရန် စည်းကမ်းများကြောင့် ပုံမှန်လှုပ်ရှားသွားလာ လုပ်ကိုင်မရတဲ့အတွက် နိုင်ငံတိုင်းမှာ စိုက်ပျိုး မွေးမြူရေး၊ ပို့ဆောင်ရေး၊ ဈေးကွက်စသည်များ ထိခိုက်လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကဏ္ဍအစုံမှာ ထိခိုက်မှုတွေ ရှိလာပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကပ်ဘေးတွေကြောင့် ထိခိုက်မှုတွေ ဖြစ်လာရင် ထိခိုက်ခံရမှုအများဆုံးက ကျေးလက်နေဆင်းရဲတဲ့ ပြည်သူတွေဖြစ်ပြီး မြို့ပြရော ကျေးလက်ပါ ထိခိုက်ပါတယ်။
ဆင်းရဲတဲ့သူတွေ   သက်ကြီးရွယ်အိုနှင့်  အမျိုး သမီး ဦးဆောင်တဲ့အိမ်တွေ၊ မှီခိုများတဲ့ အိမ်တွေ အများဆုံးထိခိုက်ပါတယ်။ ကျေးလက်ဦးစီးအနေနဲ့ ကျေးလက်နေပြည်သူတွေ    ထိခိုက်မှုရှိလာတဲ့ အချိန်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို New Normal ပုံစံနဲ့ ဘာတွေလုပ်ပေးရမလဲ၊ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို  အမြဲတွေးဆကြံစည်၍ တိုင်းဒေသကြီး/ ပြည်နယ်များနဲ့   တိုင်ပင်ဆွေးနွေး  ပြီး အတိုးနှုန်းလျှော့ပေးခြင်း၊ ချေးငွေသက်တမ်း တိုးမြှင့်ပေးခြင်း၊   ကျေးရွာတွေကို   ဝန်ထမ်းများ မသွားရောက်နိုင်တဲ့အခြေအနေမှာ     ကျေးရွာ ကော်မတီရဲ့    ဆောင်ရွက်ချက်တွေကို     ဓာတ်ပုံ သို့မဟုတ် ဗီဒီယို မှတ်တမ်းတင်စနစ် (Messenger Video / Remote Monitor) ကို ကျင့်သုံးကြီးကြပ် လျက်ရှိပါတယ်။
အချို့နေရာတွေမှာ အများစုဝေးမှု ရှောင်ရှား နိုင်ရန် Door to Door စနစ် မြို့နယ်ကျေးလက် ဝန်ထမ်းနှင့် ကော်မတီမှ ချေးငွေလျှောက်လွှာများ ကြိုတင်စိစစ်၊   စာချုပ်များ   ကြိုတင်ပြင်ဆင်ပြီး တစ်ဦးချင်း/ တစ်ယောက်ချင်းရဲ့ အိမ်တွေအရောက် ချေးငွေထုတ်ချေးတဲ့စနစ်ကို ဝန်ထမ်းများ၊ကော်မတီ များမှ  အပင်ပန်းခံ  တီထွင်ကြံဆနည်းလမ်းသစ် New  Normal   ပုံစံများနဲ့  ဆောင်ရွက်ပေးခဲ့ကြ ပါတယ်။
ဘဏ်ငွေထုတ်ကန့်သတ်ချက်တွေ  ရှိလာတဲ့ အချိန်မှာ   လိုအပ်တဲ့   လုပ်ထုံးလုပ်နည်းတွေကို တရားဝင်ပြင်ဆင်ပေးပြီး အတိုးအရင်းများကို ဘဏ် သို့ ပြန်သွင်းပြီးမှ ပြန်ထုတ်ခြင်းအစား ကိုဗစ်လည်း ကာကွယ်ရာရောက်ပြီး အချိန်လည်းသက်သာတဲ့ ရွာမှာအမှန်တကယ် ဆပ်၊ နေ့ချင်းပြီး ပြန်လည် ထုတ်ချေးတဲ့စနစ်ကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်ခဲ့ ပါတယ်။ ပြန်ထုတ်ချေးရန် ဆောင်ရွက်ရန်ကိစ္စများ ကို နှစ်ပတ်ခန့် ကြိုတင်ပြီး စီမံကိန်းကော်မတီနဲ့ မြို့နယ် ကျေးလက်ဝန်ထမ်းတို့က ကြိုတင်ပြင်ဆင် ထားရပါတယ်။    ဒါမှ ပြန်ဆပ်တဲ့နေ့မှာ   နေ့ချင်း  ပြီး   ပြန်ထုတ်ချေးနိုင်တာဖြစ်ပြီး လတ်တလော ဘဏ်ငွေ    ထုတ်ကန့်သတ်ချက်နဲ့    ကိုဗစ်ကာလ အခက်အခဲတွေကို    ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါ တယ်။
ကိုဗစ်ကာလအတွင်း စီမံခန့်ခွဲမှု
 အတိုးနှုန်းဖြေလျှော့ပေးမှုအစီအစဉ်
ကိုဗစ်ကာလအတွင်း စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ   စီးပွားရေး၊   လူမှုရေး အခက်အခဲများ လျော့နည်းသက်သာစေရေးအတွက် စီမံကိန်းလက်စွဲစာစောင်ပါ ပြဋ္ဌာန်းချက်၊ ကျေးလက် ဥပဒေများနှင့်အညီ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် မတ်လအထိ ငွေကျပ် (၁၀၀) အတွက် တစ်လ လျှင် အတိုးနှုန်း (၅၀) ပြားနှုန်းသို့ ပထမအကြိမ် လျှော့ချ ပေးနိုင်ခဲ့သဖြင့် ငွေကျပ် (၃၄ ဒသမ ၇၅၄) ဘီလီယံ သက်သာစေခဲ့ပါတယ်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်မှ  ၂၀၂၂ ခုနှစ်  မတ်လ ၃၁ ရက် အထိ ငွေကျပ် (၁၀၀)အတွက် တစ်လလျှင် အတိုး (၅၀)ပြားနှုန်းသို့ ဒုတိယအကြိမ် ထပ်မံလျှော့ချသတ် မှတ်ပေးနိုင်ခဲ့သဖြင့်  ၂၀၂၁ ခုနှစ်  ဇူလိုင်လအထိ ငွေကျပ် (၄၆ ဒသမ ၃၃၉) ဘီလီယံ ထပ်မံသက်သာ စေခဲ့ပါတယ်။
သက်တမ်းတိုးမြှင့်ဆောင်ရွက်ပေးနိုင်မှု
စီးပွားရေးအကျပ်အတည်းကြောင့်   ရန်ပုံငွေ ပြန်လည်ပေးဆပ်ရန်  အခက်အခဲဖြစ်ပေါ်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်   ၁၄  ခုမှ     မြို့နယ်   ၈၆ မြို့နယ်ရှိ ကျေးရွာယူနစ်ပေါင်း ၃၇၇ ယူနစ် အား   သက်တမ်းတိုးကာလတစ်လမှ   အများဆုံး တစ်နှစ်အထိ      စီမံကိန်းလက်စွဲ   စာစောင်နှင့် အညီ   သက်တမ်းတိုးမြှင့်   ခွင့်ပြုပေးခဲ့ပါတယ်။ လတ်တလောအခက်အခဲများကြောင့်     လုပ်ထုံး လုပ်နည်းနှင့်အညီ  သက်တမ်းတိုးပေးထားသည့် ကျေးရွာယူနစ် ၃၇၇ ယူနစ်အနက်  တိုင်းဒေသကြီး/ ပြည်နယ်  ၁၃ ခုမှ မြို့နယ်  ၅၇  မြို့နယ်ရှိ ကျေးရွာ ယူနစ်  ၂၃၂ ယူနစ်သည် ပုံမှန်ပေးဆပ်ခြင်း၊ ပြန်လည် ထုတ်ချေးခြင်းကို    နေ့ချင်းပြီး    စီမံဆောင်ရွက် နိုင်ခဲ့ပါတယ်။
ပြင်ပဧည့်သည်များ  ဝင်ရောက်ခွင့်မပြုသည့် 
စီမံကိန်းကျေးရွာများအား ချေးငွေထုတ်ချေးပေးမှု 
ကိုရိုနာဗိုင်းရပ်စ်ရောဂါ     ကူးစက်ပြန့်ပွားမှု ကြောင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ ပြင်ပ ဧည့်သည်များ ဝင်ရောက်ခြင်းကို ခွင့်မပြုပါသဖြင့် “လိုအပ်ပါက ဝန်ထမ်းများ ရှေ့မှောက်တွင် ချေးငွေ ထုတ်ချေးခြင်း”အစား ကျေးရွာကော်မတီမှ  တစ်ဦး ချင်း ထုတ်ချေးမှုအား ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုဖြင့် မှတ်တမ်းတင်၍ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ချေး ဆောင်ရွက်လျက်ရှိပါတယ်။
ဘဏ်ငွေထုတ်ကန့်သတ်ချက်အပေါ် 
ဆောင်ရွက်နိုင်မှု
ချေးငွေများအား ပြန်လည်ပေးဆပ်ရန် ကာလ သက်တမ်းစေ့ရောက်၍ ပြန်ဆပ်သော အရင်း၊ အတိုး များအား   ဘဏ်သို့ပေးသွင်းခြင်းမပြုဘဲ   စီမံကိန်း လက်စွဲစာစောင်နှင့်အညီ စာရင်းပြုစုထိန်းသိမ်း၍ နေ့ချင်းပြီး     ပြန်လည်ထုတ်ချေးခြင်း၊   ချေးငွေ လျှောက်လွှာခေါ်ယူခြင်း၊ စိစစ်အတည်ပြုခြင်းများ ကြိုတင်ဆောင်ရွက်ထားရှိ၍     အရင်း၊    အတိုး ကောက်ခံသည့်နေ့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏   ကြီးကြပ်မှုဖြင့် နေ့ချင်းပြီး  ပြန်လည်ထုတ်ချေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ၍ မြန်မာ့ စီးပွားရေးဘဏ်ခွဲများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးရုံးမှတစ်ဆင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့    ငွေထုတ်ခွင့်ရရှိနိုင်ရေး    ညှိနှိုင်း ဆောင်ရွက်ခြင်း၊ နယ်မြေလုံခြုံတည်ငြိမ်အေးချမ်း မှုနှင့် ဘဏ်ငွေသွင်း/ ငွေထုတ်ယူမှု အခက်အခဲများ ဖြစ်ပေါ်ပါက စီမံကိန်းလက်ဆွဲစာစောင် ပြင်ဆင် ချက်နှင့်အညီ    ချေးငွေပြန်လည်ထုတ်ချေးခြင်း လုပ်ငန်းများကို တိကျစွာ လိုက်နာဆောင်ရွက်စေခြင်းတို့ဖြင့်   ထိထိရောက်ရောက်   ဆောင်ရွက် နေပါတယ်။
ကိုဗစ်ကို   အန်တုပြီး  New Normal  ပုံစံဖြင့် တီထွင်ကြံဆနည်းလမ်းရှာ     ကြီးကြပ်နေကြသူ ဝန်ထမ်းများနဲ့ ကော်မတီများရဲ့ ဆောင်ရွက်ချက် များက   စီမံကိန်းစဉ်ဆက်မပြတ်  အောင်မြင်ရေး အတွက်     အလွန်ပင်   အရေးကြီးလှပါကြောင်း တင်ပြလိုက်ပါတယ်။