
ဆိုးလ် အောက်တိုဘာ ၂၁
တောင်ကိုရီးယားနိုင်ငံ၏ ပထမ အကြိမ်ပြည်တွင်းဖြစ် ဒုံးကျည် စမ်းသပ်မှု မအောင်မြင်မှုနှင့် အဆုံးသတ်ခဲ့ရသည်။ ဒုံးကျည် စမ်းသပ်မှုကို နိုင်ငံ၏အာကာသ အစီအစဉ် ရှေ့တိုးလုပ်ဆောင် နိုင်မည့် အဓိကခြေလှမ်းတစ်ရပ် အနေဖြင့် တွေ့မြင်ရကြောင်း ကိုရီးယား အာကာသယာဉ် တည် ဆောက်မှုနည်းပညာ သုတေသန ဌာန၏ ထုတ်ပြန်ပြောကြားချက် အရ သိရသည်။
နူရီဟုခေါ်သော အဆင့် သုံးဆင့်ရှိ အရည်လောင်စာ ဒုံးကျည်ကို ဂိုဟန်စီရင်စုရှိ နာရို အာကာသစခန်းမှ အောက်တိုဘာ ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် လွှတ်တင်ခဲ့သည်။
ဒုံးပျံ စတင်တက်သည့်အချိန် သည် ညင်သာသည်။ ၁၅ မိနစ် ကြာပြီးနောက် ဒုံးပျံသည် ၎င်း၏ ဒုံးပျံပုံတူပစ္စည်းကို အောင်မြင်စွာ ဖြန့်ကြက်နိုင်ခဲ့သည်။ သို့သော် လည်း မိနစ် ၃၀ ကျော်စောင့်ကြည့် ပြီးနောက် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက နူရီဒုံးပျံ သည် ပျံသန်းမှုဆိုင်ရာ လုပ်ငန်း စဉ်များကို အောင်မြင်ပြီးမြောက် ခဲ့သော်လည်း ဂြိုဟ်ပတ်လမ်းထဲ သို့ ဒုံးပျံပုံတူပစ္စည်းကို ထည့်ရာ တွင် မအောင်မြင်ခဲ့ကြောင်း ပြောသည်။ နောက်ဆုံးအဆင့် မအောင်မြင်မှုကို သမ္မတက ရည်ညွှန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထိုသို့ မအောင်မြင်ခြင်းသည် နိုင်ငံ၏အာကာသအစီအစဉ်ကို နှောင့်နှေးစေသည်။
နူရီဒုံးကျည်ကို ပြည်တွင်း နည်းပညာများသာ သုံးကာ တည်ဆောက်ထားကြောင်း သိရ သည်။
အင်န်အိတ်ချ်ကေ