
နယူးဒေလီ အောက်တိုဘာ ၂၁
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အောက်တိုဘာ ၂၁ ရက်က တစ်ဘီလီယံကျော်လွန် ခဲ့ပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အမှတ်တရ အခမ်းအနား ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် မြို့တော် နယူးဒေလီရှိ ဆေးရုံတစ်ရုံသို့ သွားရောက် လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ်က နိုင်ငံကို ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး အဆိုပါရည်မှန်း ချက်ကို ရောက်ရှိအောင်မြင်အောင်ကြိုးစားခဲ့သည့် ဆေးလောကကိုလည်း ချီးကျူးဂုဏ်ပြုလိုက်သည်။
အိန္ဒိယနိုင်ငံသည် ကာကွယ်ဆေးထိုးခြင်းကို ယခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ နိုင်ငံ့လူဦးရေ ၏ ကာကွယ်ဆေးထိုးနိုင်သူ ၃၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။ ၇၅ ရာခိုင်နှုန်းသည် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှု ခံယူပြီးပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် အသက် ၁၈ နှစ်ကျော်သည့် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိပြီး မကြာမီတွင် ကလေးများကို ထိုးနှံပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၄ သန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုပြီး လျှင် ဒုတိယမြောက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုအများဆုံးဖြစ်သည်။ လူပေါင်း ၄၅၀၀၀၀ ကျော် ကိုဗစ်-၁၉ ကြောင့် အသက်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများသည် အောက်တိုဘာလအစောပိုင်းမှစကာ တစ်နေ့လျှင် ၂၀၀၀၀ အောက်ကျဆင်းခဲ့သည်။ စင်ကာပူနိုင်ငံတွင် လည်း ကိုဗစ်-၁၉ ကန့်သတ်မှုကာလကို နောက်ထပ် သီတင်းပတ်လေးပတ်အထိ သက်တမ်းထပ်မံ တိုးမြှင့်ထားသည်။ ကျန်းမာရေးစနစ်အပေါ် ဖိအားသက်ရောက်မှုကြီးထွားလာမည်ကို လျှော့ချသည့် အနေဖြင့် ယခုလို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောသည်။ စင်ကာပူနိုင်ငံ မြို့တော် စင်ကာပူတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လျင်မြန်စွာ ကူးစက်ဖြစ်ပွား လျက်ရှိရာ အင်္ဂါနေ့က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၀၀၀ နီးပါးအထိရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံးနေ့တစ်နေ့အဖြစ် စံချိန် တင်ခဲ့သည်။
သို့သော်လည်း စင်ကာပူသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်နေသည့်တိုင် စီးပွားရေးပြန်လည်ဖွင့်လှစ်မှုများကို သတိကြီးစွာ ထားပြီး လုပ်ဆောင်လျက်ရှိသည်။ အင်န်အိတ်ချ်ကေ