
ဟနွိုင်း အောက်တိုဘာ ၂၂
ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂၂ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၉၈၅ ဦးရှိကြောင်းဖော်ပြ ခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ရှစ်ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၃၉၇၇ ဦးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၈၈၁၅၂၂ ဦးအထိရှိလာပြီး ၂၁၅၄၃ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသများမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းစီးတီးမှ ၁၂၀၅ ဦး၊ အနီးအနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၄၇၁ ဦးနှင့် ဒွန်နိုင်း ပြည်နယ်မှ ၄၁၇ ဦးတို့ဖြစ်ကြသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ၈၀၃၃၂၆ ဦးရှိလာပြီး နိုင်ငံ တစ်ဝန်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း သန်း ၇၀ ကျော်လွန်ရောက်ရှိလာပြီဖြစ်သည်။
အောက်တိုဘာ ၂၂ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၇၆၇၈၈ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများတွင် ဗီယက်နမ်မြို့တော် ဟနွိုင်းသည် ကိုဗစ်-၁၉ ကူးစက် မှု အနည်းဆုံးဖြစ်ပြီး တောင်ပိုင်းဟိုချီမင်းမြို့သည်အလယ်အလတ်အဆင့်ရှိကြောင်း သိရသည်။
ဆင်ဟွာ