ဂျပန်နိုင်ငံမှာ ဘာကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လျင်မြန်စွာ ကျဆင်းခဲ့သလဲ

 

ထွန်းကျော်

ဒီနှစ်နွေရာသီ  ဂျပန်နိုင်ငံရဲ့  ပဉ္စမလှိုင်းဖြစ်နေချိန်မှာ  နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ  မမျှော်မှန်းနိုင်လောက်တဲ့အဆင့်အထိ မြင့်တက်လာခဲ့ပြီး သြဂုတ်လလယ်မှာ ၂၅၀၀၀ ကျော်လွန်သွားခဲ့ပါတယ်။ သို့သော်လည်း အဲဒီလအကုန်မှာပဲ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ထိုးကျလာခဲ့ပါတယ်။ 

 


ကူးစက်ဖြစ်ပွားမှု ကျဆင်း 


အောက်တိုဘာ ၁၉ ရက်အထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ သုံးရက် ဆက်တိုက်   ၅၀၀  အောက်လျော့နည်း ကျဆင်းလာခဲ့ပါတယ်။      ကိုဗစ်-၁၉ အဆုံးစွန်ဆုံး   ထကြွသောင်းကျန်းချိန်မှ စကာ     ဒါဟာ အကြိမ် ၅၀ မြောက် လျော့နည်းလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 
အစိုးရက   ကိုဗစ်-၁၉  အရေးပေါ် အခြေအနေနဲ့   တခြားကန့်သတ်မှုတွေကို သတ်မှတ်ထားတဲ့      ခရိုင်တွေအားလုံး အတွက်     စက်တင်ဘာ ၃၀ ရက်မှာ ရုပ်သိမ်းပေးခဲ့ပါတယ်။

 


သုံးသပ်ပြောကြား   


အခုလိုမျိုး  ကိုဗစ်-၁၉  တိုးတက်မှု ဖြစ်စဉ်အတွက်  တိကျတဲ့အကြောင်းပြ ချက်တွေကို   ဖော်ပြခြင်းမရှိသေးသော် လည်း     ခွဲခြမ်းစိတ်ဖြာမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ တချို့ ကျွမ်းကျင်သူတွေကတော့ အခုလို မျိုး သုံးသပ်ပြောကြားထားပါတယ်။
ကူးစက်ရောဂါဆိုင်ရာ      အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် အိုမီရှီဂီရူက အရေးပေါ်    ကန့်သတ်ဆောင်ရွက်ချက် တွေကို ခပ်မြန်မြန် ရုပ်သိမ်းအဆုံးသတ် လိုက်ရတဲ့  အကြောင်းပြချက်များစွာကို စက်တင်ဘာ ၂၈ ရက်က   ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ   ပြောကြားခဲ့ ပါတယ်။

 


ပြည်သူတွေရဲ့အပြုအမူပြောင်းလဲ 


ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုကို အစပျိုး ဖြစ်စေတဲ့   စနေ၊  တနင်္ဂနွေရက် ရှည်တွေနဲ့       အားလပ်ရက်ရှည်တွေ ပြီးဆုံးသွားပြီ   ဖြစ်တဲ့အတွက်ကြောင့် လည်းကောင်း၊ ပြည်သူတွေရဲ့  အပြုအမူ တွေ  ပြောင်းလဲသွားတဲ့အတွက်ကြောင့် လည်းကောင်း၊ ဆေးရုံတွေ မအားမလပ် အောင်       ပြည့်ကျပ်အလုပ်ရှုပ်နေပြီး ကိုဗစ်-၁၉    ကူးစက်ခံထားရသူတွေ နေအိမ်မှာပဲ    သေဆုံးနေတယ်ဆိုတဲ့ သတင်းတွေကြားပြီးတဲ့နောက် ကိုဗစ်-၁၉   ကာကွယ်၊ တားဆီးရေးဆောင်ရွက် ချက်တွေကို      တင်းတင်းကျပ်ကျပ် လိုက်နာ     လုပ်ဆောင်ခဲ့တဲ့အတွက် ကြောင့်လည်းကောင်း၊ လူအနည်းငယ်ပဲ အရေးကြီးကိစ္စကြောင့်  အပြင်ထွက်ခြင်း ကြောင့်  လည်းကောင်း၊   နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးမှုတွေ အရှိန်အဟုန်မြင့်       တိုးတက်လာတဲ့ အတွက်ကြောင့်       လည်းကောင်း၊ အသက်ကြီးပိုင်းတွေ သာမက   အသက် ငယ်သူတွေကြားမှာလည်း   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက် ကျဆင်း လာတဲ့အတွက်ကြောင့်   လည်းကောင်း၊ ကိုဗစ်-၁၉   အန္တရာယ်ကို    ဖိတ်ခေါ် သလို   ဖြစ်နေတဲ့      မိုးလေဝသအခြေ အနေ   ပြောင်းလဲသွားတဲ့အတွက်ကြောင့် လည်းကောင်း  အခုလိုမျိုး   အရေးပေါ် ကန့်သတ်    ဆောင်ရွက်ချက်တွေကို ခပ်မြန်မြန်    အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။

 


သိပ္ပံနည်းကျသက်သေမပြနိုင်သေး 


ပြည်သူတွေအနေနဲ့   မအေးလွန်းတဲ့ ရာသီဥတု      ဖြစ်ပေါ်နေချိန်မှာသာ အပြင်ထွက်ပြီး အချိန်တွေကို ပိုမိုကုန်ဆုံး သင့်ကြောင်း၊   ထိုသို့  လုပ်ဆောင်မယ် ဆိုပါက  ကိုဗစ်-၁၉   ပိုမိုကူးစက်ဖြစ်ပွား နိုင်တဲ့   နေရာကျဉ်းကျဉ်းလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း   ကူးစက် ရောဂါဆိုင်ရာ   အစိုးရအကြံပေးအဖွဲ့ ခေါင်းဆောင်  အိုမီရှီဂီရူက   အကြံပေး ထားပါတယ်။ 
ဒီအချက်တွေကိုတော့  သိပ္ပံနည်းကျ သက်သေမပြနိုင်သေးပါဘူး။   သို့သော် လည်း   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လျင်လျင်မြန်မြန်     ကျဆင်းစေမယ့် အချက်တွေကိုတော့  လေ့လာဆန်းစစ်နေ တယ်လို့ သူက ပြောပါတယ်။ 

 


ကာကွယ်ဆေးနဲ့ ရာသီဥတုပြောင်းလဲမှု 


ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု ကျဆင်းလာခြင်းဟာ      ကိုဗစ်-၁၉ ကာကွယ်ဆေး  လျင်မြန်စွာ  ဖြန့်ချိနိုင်လို့ ဖြစ်ကြောင်းနဲ့  ရာသီဥတုပြောင်းလဲမှု ကလည်း အဓိကအချက်အဖြစ်  ပါဝင်နေ မယ်လို့     ကျန်းမာရေးဝန်ကြီးဌာန ကျွမ်းကျင်အကြံပေးအဖွဲ့   အဖွဲ့ဝင်ဖြစ်သူ ကျန်းမာရေးနဲ့လူမှုရေး    အပြည်ပြည် ဆိုင်ရာ တက္ကသိုလ် ပါမောက္ခ ဝါဒါကိုဂျီက ပြောပါတယ်။ 
အပူချိန်    မပြင်းထန်သောကြောင့် ပြည်သူတွေ    အဲကွန်းနဲ့    အလုံပိတ် အခန်းကျဉ်းတွေမှာသာ ကုန်ဆုံးနေရတဲ့ အချိန်တွေကို လျှော့ချနိုင်ခြင်းကို သူက ရည်ညွှန်းပြောဆိုလိုက်တာ     ဖြစ်ပါ တယ်။ 
ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု ဘာကြောင့်     ကျဆင်းရသလဲဆိုတဲ့ အချက်ကို  အသေအချာသရုပ်ခွဲဖို့ ခက်ခဲ တယ်လို့ ဝါဒါကိုဂျီက ပြောပါတယ်။

 


ကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်နိုင် 


အပူချိန်ကျလာတာနဲ့တစ်ပြိုင်တည်း ကိုဗစ်-၁၉      ကူးစက်ဖြစ်ပွားမှုလည်း ပြန်လည်မြင့်တက်လာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။   ဆယ်ကျော်သက် နှောင်းပိုင်းနဲ့  အသက် ၂၀ ကျော်အရွယ် တွေမှာ    ကိုဗစ်-၁၉  ကူးစက်မှုဖြစ်နိုင်ပါ တယ်။ ဒါဘာကြောင့်လဲဆိုရင် ဒီအသက် အရွယ်အုပ်စုမှာရှိတဲ့   လူအနည်းစုဟာ ကာကွယ်ဆေးထိုးခြင်းကြောင့်   သော် လည်းကောင်း၊   ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားခြင်းကြောင့် သော်လည်းကောင်း ကိုယ်ခံစွမ်းအားကို    ရရှိကြပါတယ်။ အဲဒီနောက်မှာတော့      ဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးမထိုးထားတဲ့    အသက် အရွယ်    အလယ်အလတ်မှာရှိသူတွေနဲ့ အသက်ကြီးပိုင်းတွေကြားမှာ     ကူးစက် ပျံ့နှံ့နိုင်ပါတယ်။    ကာကွယ်ဆေးထိုးထား တဲ့      အသက်ကြီးသူတွေရဲ့      ပဋိပစ္စည်း အဆင့်လည်း ကျဆင်းနိုင်တယ်လို့ သူက ပြောပါတယ်။

 


အောက်တိုဘာလကုန်မှာ 
ကာကွယ်ဆေးထိုးမယ် 


ဆေးဘက်ဆိုင်ရာအခြေအနေအရ လည်း    ကာကွယ်ဆေးထိုးနှုန်းမြင့်လာခြင်းက ဆေးရုံတွေမှာ  လူတွေ ပြည့်လျှံ လာခြင်းကို   ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ သူတွေလည်း      အောက်တိုဘာလကုန်မှာ   ကာကွယ် ဆေးထိုးခံရတော့မှာဖြစ်ပါတယ်။ 

 


ကိုဗစ်-၁၉       ကူးစက်ဖြစ်ပွားမှု လျင်မြန်စွာ        ကျဆင်းလာခြင်းရဲ့ နောက်ကွယ်က  အချက်အလက်တွေကို နေ့စဉ်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့ စာရင်းအတိအကျမသိရဘဲ   ကောင်း ကောင်းအကဲခတ်နိုင်မှာ   မဟုတ်ဘူးလို့ နာဂါဆာဂီတက္ကသိုလ်က   ပါမောက္ခ ယာမာမိုတု တာရိုက ပြောပါတယ်။

 


ဆောင်းရာသီမှာ ထပ်မံ 
ကူးစက်ဖြစ်ပွားလာမှုကို ကြိုတင်ပြင်ဆင် 


တစ်ချိန်တည်းမှာပဲ    ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးထိုးခြင်းအားဖြင့် သော်လည်းကောင်း၊      ရောဂါကူးစက် ဖြစ်ပွားခြင်းအားဖြင့် သော်လည်းကောင်း ခုခံစွမ်းအားကို        ရရှိနိုင်တယ်လို့    သူက    ထောက်ပြပြောဆိုခဲ့ပါတယ်။ နေမကောင်းဖြစ်တာကို    သတ်မှတ်တဲ့ ပမာဏအထိ နည်းနည်းခံနိုင်ရည်ရှိလာပြီဆိုရင်   ဗိုင်းရပ်စ်ဟာလည်း   နေ့စဉ် ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်တယ်လို့  သူက ပြောပါတယ်။ လူတွေ၊ လူမှုဆက်ဆံရေးတွေ၊       စီးပွားရေး ရှုထောင့်တွေကနေပြီး  ခံနိုင်ရည်ရှိမှုနဲ့ ပတ်သက်ပြီး     ဆွေးနွေးသွားဖို့လည်း သူက         တိုက်တွန်းလိုက်ပါတယ်။ နောက်ပိုင်းမှာ ဗိုင်းရပ်စ်ဟာ ဗီဇပြောင်း မှုတွေဖြစ်လာပြီး   ဒီထက်ပိုပြီး ကူးစက် နိုင်ကြောင်းလည်း   သူက  ပြောထားပါ တယ်။     ကုသရေးနည်းလမ်းတွေနဲ့ ကျန်းမာရေးစနစ်   တိုးတက်မှုနည်းလမ်း တွေကို တည်ထောင်ထားဖို့  လိုတယ် လို့လည်း သူက  ပြောပါတယ်။  ဆောင်း ရာသီမှာ ထပ်မံကူးစက်ဖြစ်ပွားလာမယ့် အရေးကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ ကျိုတိုတက္ကသိုလ်ရဲ့ပါမောက္ခ နီရှီအူရာ ဟီရိုရှီက ပြောပါတယ်။ 


ကိုးကား-အင်န်အိတ်ချ်ကေ