၂၀၆၀ ပြည့်နှစ်အရောက်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု သုညအထိကျဆင်းရေး ဆော်ဒီအာရေဗျ ရည်မှန်း

ရီယာ့ဒ်  အောက်တိုဘာ  ၂၄


၂၀၆၀ ပြည့်နှစ်သို့ရောက်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို သုညအထိ လျှော့ချနိုင်ရေးအတွက် ရည်မှန်းထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ကြေညာခဲ့သည်။
ဆော်ဒီနိုင်ငံသည်   ကမ္ဘာ့အကြီးဆုံး   ရေနံ ထုတ်လုပ်သူနိုင်ငံများထဲမှ    တစ်နိုင်ငံဖြစ်သည်။ အောက်တိုဘာ   ၂၃ ရက်က   ရီယာ့ဒ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှု  ဖိုရမ်ကို ကျင်းပခဲ့ရာ    အဆိုပါ အခမ်းအနးတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ အခြားနိုင်ငံများမှ   အစိုးရ အရာရှိများနှင့်       လုပ်ငန်းများမှ    အရာရှိများ တက်ရောက်ကြသည်။ 

 


ဗီဒီယိုဖြင့်   သတင်းစကားပါးရာတွင်    ဆော်ဒီ အိမ်ရှေ့မင်းသားက ၂၀၆၀ ပြည့်နှစ်သို့ရောက်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို သုညရာခိုင်နှုန်း အထိရောက်အောင် ပြုလုပ်သွားရန်   ရည်ရွယ်ထား ကြောင်း ပြောသည်။

 


အမေရိကန်နှင့် အခြားသောနိုင်ငံများ ဦးဆောင် ၍ ၂၀၃၀ ပြည့်နှစ်အရောက်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ မီသိန်းထုတ်လွှတ်မှုကို အနည်းဆုံး ၃၁ ရာခိုင်နှုန်း လျှော့ချရန် အစီအစဉ်တွင်လည်း ဆော်ဒီနိုင်ငံက ပါဝင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။
မီသိန်းမှာ      ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆ  ၂၀ ကမ္ဘာကြီးကို    ပိုမိုပူနွေးစေသည်ဟု   သိပ္ပံပညာရှင်များက‌   ပြောသည်။     ရေနံကိုမှီခိုသည့် စီးပွားရေးမှ ရုန်းထွက်နိုင်ရန်မှာ ဆော်ဒီနိုင်ငံအတွက် စိန်ခေါ်မှုကြီးဖြစ်လာမည်ဖြစ်သည်။ တိုင်းပြည်၏ ဘဏ္ဍာအခွန်ငွေ ၆၀ ရာခိုင်နှုန်းမှာ    ရေနံပေါ်တွင် မှီခိုနေရသည်။

အင်န်အိတ်ချ်‌ကေ