အချက်အလက်သစ်များက အသက်ခြောက်နှစ်မှ ၁၁ နှစ်ကြား ကလေးများအတွက်  ကာကွယ်ဆေးကို အထောက်အပံ့ဖြစ်စေဟု မော်ဒါနာဆေးကုမ္ပဏီပြော 


 

ဝါရှင်တန်   အောက်တိုဘာ ၂၆


အသက်ခြောက်နှစ်မှ ၁၁  နှစ်ကြား ကလေးများကို       မော်ဒါနာ ကာကွယ်ဆေး  ၂၈ ရက်ခြားကာ ဆေးနှစ်ကြိမ်ထိုးပေးပြီး လေ့လာ မှုပြုလုပ်ရာ  အားကောင်းသည့် ပဋိပစ္စည်း တုံ့ပြန်မှုတွေ့ရှိရသည် ဟု အမေရိကန်     ဇီဝနည်းပညာ ကုမ္ပဏီကြီးဖြစ်သည့်    မော်ဒါနာ ကုမ္ပဏီက  အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။ 
KidCOVE ဟု အမည်ပေးထား သည့်  လေ့လာမှုတွင်  အသက် ခြောက်နှစ်မှ ၁၂  နှစ်အောက် ကလေးငယ် ၄၇၅၃ ဦးပါဝင်ခဲ့ပြီး  ကလေးများအတွက် လုံခြုံစိတ်ချ ရပြီး စွမ်းဆောင်ရည် မြင့်မားသည့် ကာကွယ်ဆေးရရှိရန်  ရည်ရွယ် ထားသည်။ 
ကြားဖြတ်  အစီရင်ခံစာအရ ၂၈ ရက်ခြားကာ   ကာကွယ်ဆေး နှစ်ကြိမ်ပေးရာတွင်  အားကောင်း သည့်      ပဋိပစ္စည်းတုံ့ပြန်မှု ပေါ်ပေါက်လာသည်ဟု မော်ဒါနာ ကုမ္ပဏီက ပြောသည်။ 
ယေဘုယျ ဘေးထွက်ဆိုးကျိုး များမှာ     ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊  ဖျားနာခြင်းနှင့် နာကျင်ခြင်းတို့ပင် ဖြစ်သည်။ 
မော်ဒါနာ      ကုမ္ပဏီသည် အဆိုပါ   အချက်အလက်များကို အမေရိကန်ဆေးဝါးနှင့်    အစား အသောက်ကွပ်ကဲရေး စီမံခန့်ခွဲမှု၊ ဥရောပဆေးအေဂျင်စီနှင့်  အခြား သော အဖွဲ့အစည်းများသို့ ပေးပို့ မည်ဖြစ်သည်။ 
ဆင်ဟွာ