
မက်ဒရစ် အောက်တိုဘာ ၂၆
စပိန်နိုင်ငံ၌ အောက်တိုဘာ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၄၈၅ ဦး ထပ်မံတွေ့ရှိပြီးနောက် ကူးစက်ခံရသူအရေအတွက်မှာ ငါးသန်းကျော်ရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု သည်။
၇၂ နာရီအတွင်း ကူးစက်ခံရသူများကိုထည့်ပေါင်းလျှင် တိုင်းပြည် တစ်ဝန်းကူးစက်ခံရသူအရေအတွက်မှာ ၅၀၀၂၂၁၇ ဦးရှိသည်ဟု သိရသည်။ တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေ အတွက်မှာ ၈၇၁၆၈ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
အောက်တိုဘာ ၂၅ ရက်က စပိန်ကျန်းမာရေးစင်တာများတွင် အသက် ၇၀ နှစ်အထက်များကို ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယ အကြိမ် ထိုးနှံပေးမှုစတင်နေပြီဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ စပိန်နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၅ ရာခိုင် နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပြီဟု သိရသည်။
ဆင်ဟွာ