
ဂျီနီဗာ အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ်တွင် လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်မှုမှာ စံချိန်တင် မြင့်မားခဲ့သည်ဟု ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီ၏ လေ့လာမှု အစီအစဉ်တစ်ခုတွင် ဖော်ပြသည်။ ကမ္ဘာ့ မိုးလေဝသ အဖွဲ့အစည်းက အောက်တိုဘာ ၂၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် အပြည် ပြည်ဆိုင်ရာ ရာသီဥတုအေဂျင်စီ များမှ အချက်အလက်များကို အခြေခံကာ ကာဗွန်ဒိုင်အောက် ဆိုက်၊ မီသိန်းနှင့် နိုက်ထရပ် အောက်ဆိုက်ပါဝင်မှုတို့ကို ခွဲခြမ်း စိတ်ဖြာခဲ့သည်။
၁၉၈၄ ခုနှစ် အချက်အလက် များ စတင်ကောက်ယူသည့် အချိန်မှစတင်ကာ အဆိုပါ ဓာတ်ငွေ့သုံးခုပါဝင်မှုမှာ ယခု တစ်ကြိမ်သည် အမြင့်မားဆုံး ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂျပန် မိုးလေဝသအေဂျင်စီ သည်လည်း အချက်အလက်များ ပေးပို့သည့်အထဲတွင် ပါဝင်ပြီး အကယ်၍ ကမ္ဘာကြီး ဆက်လက် ပူနွေးနေပါက မိုးခေါင်မှုနှင့် ရေကြီးမှုတို့ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာ နိုင်သည်ဟု ပြောသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချ နိုင်ရေး ကာလရှည်စီမံချက်များ ဖြင့် ပြုလုပ်သင့်သည်ဟုလည်း ပြော ကြားခဲ့သည်။ အင်န်အိတ်ချ်ကေ