
ကမ်ပါလာ အောက်တိုဘာ ၂၆
ယူဂန္ဓာနိုင်ငံအလယ်ပိုင်း အမ်ပီဂျီခရိုင်တွင် အောက်တိုဘာ ၂၅ ရက်က ဘတ်စ်ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည် ဟု ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါကားမှာ မြို့တော်ကမ်ပါလာမှ အနောက်ပိုင်းခရိုင် ဘွတ်ရှ်နီသို့ ထွက်ခွာလာသည့်ကားဖြစ်သည်။ လူနှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်း ရေး ရဲအရာရှိ ဖာရီဒါ့နမ်ပီမာက ဆင်ဟွာသို့ ပြောသည်။
ပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ မသိရသေးချေ။ ယခုအခါ ပေါက်ကွဲမှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ဗုံးကျွမ်းကျင်သူအဖွဲ့ကိုလည်း စေလွှတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်အောက်တိုဘာ၂၃ ရက်က လည်း မြို့တော်ကမ်ပါလာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး အခြားသူများမှာ ဒဏ်ရာရရှိခဲ့သည်။
ဆင်ဟွာ