
မနီလာ အောက်တိုဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ၂၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၄၃၉၃ဦး တိုးလာပြီးနောက် နိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂၇၆၅၆၇၂ ဦး အထိရှိ လာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၃၅ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၂၀၇၇ ဦးအထိရှိလာခဲ့သည်။ ယနေ့ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်း ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်မှုလျော့နည်းခြင်းသည် ယမန်နေ့က ဓာတ်ခွဲခန်းများ ၏ ကိုဗစ်-၁၉ စာရင်းပေးပို့မှု နည်းခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဓာတ်ခွဲခန်း ငါးခန်းမှ အချက်အလက်များပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း ဒီအိုအိတ်ချ်က ဖော်ပြခဲ့ သည်။
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ကျဆင်းလာသောကြောင့် မြို့တော် မနီလာတွင်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်း အကျဘက်သို့ ရှိလာခဲ့သည်။ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုသည် စက်တင်ဘာ ၁၁ ရက်က ၂၆၃၀၃ ဦးဖြင့် အမြင့် ဆုံးဖြစ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီး သူ ပေါင်း ၂၁ သန်းကျော်လွန် ရှိလာပြီဖြစ်သည်။
ဆင်ဟွာ