
ဟန်ကျို့ အောက်တိုဘာ ၂၆
တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်းပြည် နယ်တွင် အသက် ၃နှစ်နှင့်အထက် ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ ကြောင်း ပြည်နယ်ကျန်းမာရေး အရာရှိတစ်ဦးက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။
ပြည်နယ်ကျန်းမာရေးကော်မရှင် လက်ထောက် ညွှန်ကြားရေးမှူး ကျားရှီကျန်က အသက် ၃ နှစ်မှ စသည့်ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားလိုက် သည်။ အစောပိုင်းက တရုတ်နိုင်ငံ ကျန်းမာရေး အာဏာပိုင်များက အသက် ၁၂ နှစ်နှင့် ယင်းအထက် ကလေးများကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။ နိုဝင်ဘာ ၂၀ မတိုင်မီ ကိုဗစ်-၁၉ ပထမအကြိမ် ထိုးနှံပြီးရန်နှင့် ဒီဇင်ဘာ ၂၀ မတိုင်မီ ဒုတိယအကြိမ်ထိုးနှံပြီးရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ဆင်ဟွာ