စင်ကာပူတွင် ကိုဗစ်-၁၉ ကူးစက်နေသူ ၁၇၇၉ ဦးကို ဆေးရုံတွင်ကုသပေးလျက်ရှိ

 

 

စင်ကာပူ အောက်တိုဘာ ၂၆ 


စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်သူ  ၃၁၇၄ ဦးရှိကြောင်း         ဖော်ပြမှုနှင့်အတူ နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ကူးစက် သူပေါင်း ၁၇၅၈၁၈  ဦးအထိ  ရှိလာ ခဲ့သည်။ 
 ထပ်မံကူးစက်သူများ   အနက် ၂၈၄၃ ဦးမှာ အစုလိုက်ကူးစက်မှုဖြစ် ပြီး ၃၂၂ ဦးမှာ ရွှေ့ပြောင်းလုပ်သား များနေထိုင်ရာ   အဆောင်များ၌ ကူးစက်မှုဖြစ်ကာ ကိုးဦးမှာ  ပြည်ပ ကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန     (အမ်အိုအိတ်ချ်)က   ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။
လက်ရှိကိုဗစ်-၁၉ ကူးစက်နေသူ ၁၇၇၉ ဦးမှာ ဆေးရုံတွင်ရှိပြီး ၂၆၁ ဦးမှာ အထွေထွေလူနာများအခန်းတွင် အောက်ဆီဂျင်    အထောက်အကူ လိုအပ်လျက်ရှိကြောင်း၊    ၁၀၇    ဦးမှာ အခြေအနေ     မတည်ငြိမ်ကြောင်း သိရပြီး အထူးကြပ်မတ်ကုသဆောင် တွင်   အနီးကပ်စောင့်ကြည့်ကုသ  လျက်ရှိသည်။ ၆၄ ဦးမှာ  အရေးပေါ် ကုသမှုအခြေအနေရှိပြီး   အထူး ကြပ်မတ်ကုသဆောင်တွင် အသက်ရှူ ပိုက်သွင်းထားရကြောင်း သိရသည်။ 
                                ဆင်ဟွာ