
နယူးဒေလီ အောက်တိုဘာ ၂၆
အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်နှစ်အတွင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု ရေကြီးရေလျှံမှုနှင့် မိုးခေါင်မှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်အတွင်း တောင်အာရှနှင့် အရှေ့ အာရှရှိ လူဦးရေထူထပ်သည့် ဒေသများတွင် ပြင်းထန် သည့်ဆိုင်ကလုန်းမုန်တိုင်းများ၊ မိုးသည်းထန်စွာရွာသွန်း မှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန်၊ နီပေါနှင့် ဗီယက်နမ်နိုင်ငံများ၌ လူဦးရေသန်းပေါင်း များစွာအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့်နှစ်အတွင်း သဘာဝဘေးကြောင့် တရုတ် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၃၈ ဘီလီယံဆုံးရှုံးခဲ့ ကြောင်း၊ အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံဆုံးရှုံးခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံသည်အမေရိကန် ဒေါ်လာ ၈၃ ဘီလီယံဆုံးရှုံးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အဆိုပါထုတ်ပြန်ချက် သည် စကော့တလန်နိုင်ငံ ဂလက်စဂိုးမြို့၌ ကျင်းပ မည့် ကုလသမဂ္ဂဦးဆောင်သည့် COP26 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးမကျင်းပမီ ရက်ပိုင်း အလိုတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်