
တိုကျို အောက်တိုဘာ ၂၆
ဂျပန်နိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရက ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်အရ နိုင်ငံလူဦးရေ၏ ၈၈ ဒသမ ၈ သန်းနီးပါး သို့မဟုတ် ၇၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၉၇ ဒသမ ၂ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၈၆ သန်းခန့် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအစိုးရသည် နိုဝင်ဘာလအစောပိုင်းကာလအတွင်း နိုင်ငံသားတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရ သည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်