
တောင်သာ အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အရှေ့ချောင်းဆုံရွာ အုပ်ချုပ်ရေးမှူး ဦးမှတ် တင် ကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အမျိုးသား နှစ်ဦးက ထောက်ခံစာလာ လုပ်ရင်း သေနတ်နှင့် ပစ်ခတ်လိုက် ကြောင်း ဒဏ်ရာပြင်းထန်၍ ဆေးရုံတင် လိုက်ရကြောင်း တောင်သာနယ်ခံတို့ထံမှ သိရသည်။
တောင်သာတွင် သေနတ်နှင့် ပစ်ခတ်၍ သေဆုံးရသူ အမျိုးသား အမျိုးသမီး ခုနစ်ဦး ထက် မနည်းရှိနေကြောင်း တောင်သာ မြို့ခံတို့က ပြောသည်။ သေနတ်နှင့် ပစ်ခတ် ခံရသူများကို ယခုတိုင် ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်းနှင့် မည်သည့် အဖွဲ့က ပစ်ခတ်သည်ကို မသိကြဟု ဆိုသည်။
တောင်သာမောင်