အိန္ဒိယဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်

နယူးဒေလီ  အောက်တိုဘာ   ၂၈ 


အိန္ဒိယဝန်ကြီးချုပ်    နာရန်ဒရာ မိုဒီက  အရေးကြီးသည့်    မဟာ ဗျူဟာမြောက်   ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရန်   နိုင်ငံများ အတူတကွ   ပေါင်းစုထားသည့် အရှေ့အာရှ     ထိပ်သီးအစည်း အဝေးသည် အရေးကြီးကြောင်း ထပ်လောင်း    ပြောကြားခဲ့သည် ဟု ပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန် ဖော်ပြလိုက် သည်။ 

 


(၁၆)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွင်     ဗီဒီယို ကွန်ဖရန့်ဖြင့်    တက်ရောက်ရင်း မိုဒီက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 
ကာကွယ်ဆေးနှင့်  ဆေးဝါး များ ထောက်ပံ့ပြီး    ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် အိန္ဒိယ၏  ကြိုးစားဆောင်ရွက်မှု များကို  မိုဒီက    မီးမောင်းထိုးပြ ခဲ့သည်။ 

 


အရှေ့အာရှထိပ်သီးစည်းဝေး ပွဲ (အီးအေအက်စ်)နှင့်  အရှေ့ တောင်အာရှ    နိုင်ငံများအသင်း (အာဆီယံ)တို့ကို     ဘရူနိုင်းက ဥက္ကဋ္ဌ တာဝန်ယူကျင်းပခဲ့ရာတွင် အာဆီယံနိုင်ငံများနှင့်   အီးအေ အက်စ်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်း ဆောင်များ တက်ရောက်ကြသည်။ 

 


အဆိုပါ    အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်း ဆောင်များသည် ဒေသတွင်းနှင့် နိုင်ငံတကာ    အရေးကြီးကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။ 

ဆင်ဟွာ