ဆော်ဒီနှင့် စပိန်တို့ ကိုဗစ်အလွန် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူ

ရီယာ့ဒ် အောက်တိုဘာ ၂၈ ဆော်ဒီအာရေဗျနှင့် စပိန်နိုင်ငံ တို့သည် မြို့တော်ရီယာ့ဒ်တွင် ကျင်းပခဲ့သည့် အနာဂတ်ရင်းနှီး မြှုပ်နှံမှုပဏာမခြေလှမ်း (အက်ဖ် အိုင်အိုင်)၏ ငါးကြိမ်မြောက် တွေ့ဆုံမှုတွင် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူခဲ့ကြသည်။ ဆော်ဒီ ခရီးသွားလာရေး ဝန်ကြီး အာမက်အယ်ခါတစ်ဘ် နှင့် စပိန်စက်မှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး မာရီယာ ရီယာ့စ်မာရိုတိုတို့ သီးသန့် ဆွေးနွေးပွဲအဖြစ် တွေ့ဆုံခဲ့ပြီး နောက် အဆိုပါသဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ခရီးသွား အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် ကိုဗစ်-၁၉ အလွန် ခရီးသွားကဏ္ဍကို ပြန်လည်ပုံဖော်ရန် နှစ်နိုင်ငံ အတူတကွ ပူးတွဲလုပ်ဆောင်ရန် သဘောတူခဲ့ပြီး အစိုးရ၊ ပုဂ္ဂလိက များ အတူတကွ လက်တွဲ လုပ်ဆောင်ကြရန်လည်း ပြော ကြားလိုက်သည်။ ထို့ပြင် နှစ်နိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရန် နက်နဲသော ပူးပေါင်းဆောင် ရွက်မှုများ လုပ်ဆောင်သွားရန်နှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း မှုများနှင့် အလုပ်သမားများ လေ့ကျင့်ပေးရန်လည်း သဘောတူ ခဲ့ကြသည်။ ဆင်ဟွာ