
ဘာလင် အောက်တိုဘာ ၂၈
ဂျာမနီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၀၃၇ ဦးရှိကြောင်း ရောဘတ်ကို့စ် အင်စတီကျုက ယနေ့ ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာသဖြင့် ဆေးရုံများအတွက် ဝန်ထုပ် ဝန်ပိုးများ ဖြစ်လာနိုင်ကြောင်းနှင့် မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ၏ ရောဂါကူးစက်မှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း ဂျာမနီနိုင်ငံ ဆေးရုံများအဖွဲ့မှ တာဝန်ရှိသူ ဂျီရယ်ဂတ်စ်က ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသသူ အရေအတွက်သည် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၎င်းတို့အနက် ၁၅ ရာခိုင်နှုန်း ဖြစ်သော လူနာအရေအတွက် ၁၈၀၀ သည် အထူး ကြပ်မတ်ကုသဆောင် များ၌ ကုသမှုခံယူနေရကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘာပေါ်ရှိ ကလေးငယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသဖြင့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ် ကလေးငယ်များအား ထိုးနှံပေးနိုင်ရန် ဥရောပသမဂ္ဂ၏ ခွင့်ပြုချက်ရရှိရေး လိုအပ်လျက် ရှိကြောင်း ဂျာမနီနိုင်ငံကလေးအထူးကုဆရာဝန် ကြီးများအဖွဲ့ အကြီးအကဲ ဂျိုးဒိုးဆက်က ပြော ကြားသည်။ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ်ကလေးငယ်များ အား ထိုးနှံပေးရန် သင့်လျော်ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ယမန်နေ့တွင် အကြုံပြုခဲ့သော်လည်း အတည်ပြုဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ဆွေးနွေးမှုများ ထပ်မံဆောင်ရွက်မည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ