
နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေလိုသည့် NUG ၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် အပြစ်မဲ့ ပြည်သူများကို အကြောင်းအမျိုးမျိုးဖြင့် ရက်စက် စွာသတ်ဖြတ်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှား နေသည့် လမ်း၊ တံတား၊ နိုင်ငံတော်ပိုင် အဆောက် အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အဖျက်အမှောင့်၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ် အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များသည် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍
စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက် အတွင်းရှိ RC သင်္ချိုင်းဝင်းအတွင်းရှိ မသင်္ကာဖွယ် အုတ်ဂူလေးလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ဂူသွင်းသင်္ဂြိုဟ်ဟန် ပြုလုပ်ထား သည့် အုတ်ဂူအတွင်းမှ တစ်လုံး ထိုးသေနတ် ၁၇ လက်၊ PVC ပိုက် ဖြင့်ပြုလုပ်ထားသော လက်လုပ် မိုင်းမျိုးစုံ ၈၄ လုံးနှင့် ကျည်ကာ အင်္ကျီခုနစ်ထည်တို့ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။
မြေပြင် သတင်းများအရ အောက်တိုဘာ ၁၆ ရက်၌ ဟားခါး မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များသည် Bethlehem Baptist Church ဘုရားကျောင်းအနီး၌ မသင်္ကာဖွယ် လူတစ်ဦးကိုတွေ့ရှိ သဖြင့် စစ်ဆေးရန်ခေါ်ယူစဉ် ၎င်း မှာ ထွက်ပြေးသွားခဲ့ရာ အဆိုပါ နေရာအနီးမှ Huawei အမျိုး အစား ဖုန်းတစ်လုံးကို တွေ့ရှိခဲ့ သဖြင့် စစ်ဆေးခဲ့ရာ တယ်လီဖုန်း ပိုင်ရှင်မှာ ဗန်ကျဲမ်း(ဘ) ဦးထန် လာအို ချင်း/ ခရစ်ယာန် (ဓမ္မ ဆရာ) မတူပီလမ်း ကျောဘုတ် ရပ်ကွက် ဟားခါးမြို့နေသူဖြစ် ကြောင်းသိရှိရပြီး ဖုန်းအတွင်းမှ တစ်လုံးထိုးသေနတ် ကိုင်ဆောင် ကာ အကြမ်းဖက်သောင်းကျန်းသူ များနှင့် တွဲရိုက်ထားသည့် မှတ် တမ်းဓာတ်ပုံများကို တွေ့ရှိခဲ့ ကြောင်း၊ အထက်ပါ သိမ်းဆည်း ရမိခဲ့သည့် လက်နက်၊ ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများမှာ ဗန်ကျဲမ်းဆိုသူမှ ၎င်း၏နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေမည်ကို စိုးရိမ်သဖြင့် အထက်ပါသင်္ချိုင်းကုန်းရှိ အုတ်ဂူ အတွင်း သိုဝှက်ထားခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသူ တရားခံ ဗန်ကျဲမ်း(ဓမ္မဆရာ)အား အမြန် ဆုံး ဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည် သူများနှင့် ပူးပေါင်း၍ အပူတပြင်း ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်