အီရန်နျူကလီးယားအရေး ဥရောပခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဆွေးနွေးသွားမည်

 

ဝါရှင်တန်   အောက်တိုဘာ  ၂၉


အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည်   အီရန်နျူကလီးယားအရေးကို  ဥရောပခေါင်းဆောင်များနှင့်အတူ အီတလီနိုင်ငံ  ရောမမြို့  ဂျီ -၂၀ ထိပ်သီးအစည်းအဝေးတွင်  ဆွေးနွေးသွားမည်ဟု  အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူ ဂျိတ်ဆူလေဗန်က ပြောသည်။ 

 


အမေရိကန်သမ္မတ   ဘိုင်ဒင် သည် ဂျာမနီ၊  ပြင်သစ်နှင့်  ဗြိတိန် နိုင်ငံများမှ     ခေါင်းဆောင်များ နှင့်     တွေ့ဆုံကာ      အီရန်နျူကလီး ယား              သဘောတူညီမှုနှင့်  ပတ်သက်ပြီး    စေ့စပ်ညှိနှိုင်းမှုမှ ပြန်လည်စတင်နိုင်ရန်   ဆွေးနွေးမှု များ  ပြုလုပ်သွားမည်ဟု       ၎င်းက   ဆက်လက်ပြောကြားခဲ့သည်။  
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံမှ    အရာရှိများသည် ယခုနှစ် ဧပြီလအတွင်း  ဗီယင်နာ မြို့တွင် ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီမှုနှင့်   ပတ်သက်ပြီး  သွယ်ဝိုက်သော    ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ 

 


ဆွေးနွေးပွဲ        ခြောက်ကြိမ် ပြုလုပ်ခဲ့သော်လည်း သဘောထား မတိုက်ဆိုင်မှုများ    ရှိနေဆဲဖြစ် သည်။ 
အီရန်အစိုးရ အကူးအပြောင်း ကြောင့်  သွယ်ဝိုက်သော ဆွေးနွေး ပွဲများ  ရပ်နားထားခဲ့ရသည်။  
နျူကလီးယား   သဘောတူညီ မှုအတွက်    စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အမြဲတမ်း လမ်းဖွင့်ပေး ထားမည်မဟုတ်ဟု    အီရန်နိုင်ငံ အပေါ်   ဖိအားပေးသည့်အနေဖြင့် ဂျိုးဘိုင်ဒင်                အစိုးရအဖွဲ့က ပြောကြားခဲ့သည်။ 
သံတမန်နည်းအရ   ကျရှုံးခဲ့ လျှင်     အခြားသော    ရွေးချယ်မှု ဘက်သို့       ပြောင်းလဲသွားမည် ဟု             ဆက်လက်ပြောကြားခဲ့ သည်။ 

ဆင်ဟွာ