တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၃ ဒသမ ၂ ရာခိုင်နှုန်းရှိ

 

ဆိုးလ်   အောက်တိုဘာ    ၂၉  


တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာ ၂၈ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၂၁၂၄ ဦး တိုးလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၆၀၅၃၆ ဦးအထိ   ရှိလာခဲ့ ကြောင်း  သိရသည်။ 
နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင် ရက်ကထက်   ၂၁၁၁ ဦး  တိုးလာခဲ့သည်။    ဇူလိုင် ၇ ရက်မှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀  အထက်ရှိခဲ့သည်မှာ ရက်ပေါင်း ၁၁၅ ရက် ဆက်တိုက် ရှိလာပြီဖြစ်သည်။ 

 


မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရ သည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၇၆၉ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၇၅၃ ဦးမှာ  ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၃၀  မှာ အင်ချွန် မှ ဖြစ်သည်။ 

 


မြို့တော်မဟုတ်သည့် နေရာဒေသများတွင်လည်း ကိုဗစ်-၁၉   ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း   ကိုဗစ်-၁၉  ကူးစက်ပြန့်ပွားသူ  ၄၄၂ ဦး သို့မဟုတ် ၂၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။   
ကိုဗစ်-၁၉ ကြောင့် ၉ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်း သေဆုံးသူ ၂၈၁၇ ဦးအထိ ရောက်ရှိ လာခဲ့ပြီး  သေဆုံးနှုန်းမှာ   ၀ ဒသမ ၇၈ ရာခိုင်နှုန်း ရှိသည်။ 
အပြည့်အဝနာလန်ထူလာပြီးနောက် သတ်မှတ် စောင့်ကြည့်စင်တာမှ ဆင်းလာသူ ၂၁၄၂ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၃၃၂၉၉၅ ဦးအထိ   ရှိလာပြီဖြစ်သည်။   စုစုပေါင်း ပြန်လည်ကျန်းမာနာလန်ထူလာသူနှုန်းမှာ ၉၂ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်သည်။ 

 


ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ် ဆေးထိုးမှုများ  စတင်ပြုလုပ်ခဲ့ရာ ယခုအချိန်တွင် လူပေါင်း ၄၁၀၃၅၈၉၇ ဦး  စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၇၉ ဒသမ ၉ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၃၇၅၉၃၄၆၂   ဦး  သို့မဟုတ် ၇၃ ဒသမ ၂ ရာခိုင်နှုန်းရှိပြီဖြစ်သည်။  

                     
 ဆင်ဟွာ