အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ ထုတ်ဖော်ပြောကြား

 

တီဟီရန်  အောက်တိုဘာ   ၃၁ 


အီရန်နျူကလီးယားအစီအစဉ်    အရှိန်မြှင့်ခြင်းနှင့် ပတ်သက်၍ အမေရိကန်အပါအဝင်  ဥရောပမဟာမိတ် သုံးနိုင်ငံတို့သည်    ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။     ၂၀၁၅  ခုနှစ် အီရန်  နျူကလီးယားအစီအစဉ်ဆက်လက်ရှင်သန်စေရေးအတွက်လည်း  တိုက်တွန်းခဲ့ကြသည်။ 

 


အမေရိကန် သမ္မတဂျိုးဘိုင်ဒင်အပါအဝင် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ ခေါင်းဆောင်များသည် အောက်တိုဘာ ၃၀ ရက်တွင်  ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။  ဂျီ -၂၀ ထိပ်သီးအစည်းအဝေး ပြုလုပ်ရာ ရောမမြို့တွင်  အဆိုပါခေါင်းဆောင်များတွေ့ဆုံခဲ့ကြသည်။         ဇွန်လအတွင်းမှစတင်ကာ  နျူကလီးယားသဘောတူစာချုပ်  ပြန်လည်ရှင်သန်ရေးအတွက်  ဆွေးနွေးညှိနှိုင်းမှုများကို  အီရန်ဘက်မှ ဆိုင်းငံ့ခဲ့ပြီးနောက်     စိုးရိမ်ပူပန်မှုများ     များလာရကြောင်း  ပူးတွဲကြေညာချက်တွင်   ဖော်ပြခဲ့သည်။ အီရန်နိုင်ငံသည်    ယူရေနီယံသန့်စင်မှုပမာဏတိုး ၍        ပြုလုပ်လာခြင်းအပါအဝင်        နျူကလီးယားနှင့် ပတ်သက်သည့်  ခြေလှမ်းများစိပ်လာသည့်အတွက် လည်း စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။ 

 


အမေရိကန်နှင့် အီရန်တို့ကြား ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက်        ဥရောပသမဂ္ဂသည်  ကြားဝင်စေ့စပ်ပေးခဲ့သည်။ နိုဝင်ဘာလနှောင်းပိုင်း တွင်   အမေရိကန်ပြည်ထောင်စုနှင့်   ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေးအတွက် အီရန်နိုင်ငံမှ အချက်ပြလျက်ရှိသည်။        

               
အင်န်အိတ်ချ်ကေ