လာအိုနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်မှုများ များပြားလာသည့်အတွက် အသွားအလာပိတ်ဆို့ကန့်သတ်မှုအချိန်ကို တိုးမြှင့်

 

ဗီယင်ကျန်း အောက်တိုဘာ ၃၁


လာအိုနိုင်ငံတွင်    ကိုဗစ် -၁၉ ကူးစက်မှုများ များပြားလာသည့် အတွက်  အသွားအလာပိတ်ဆို့ ကန့်သတ်မှုကို နောက်ထပ်  ၁၅ ရက်  တိုးမြှင့်လိုက်သည်ဟု သိရ သည်။ 

 


ဝန်ကြီးချုပ်ရုံး  ဒုတိယအကြီး အကဲ သီဖာခွန်  ချန်သာဗွန်ဂ်စာ  က  လာအိုနိုင်ငံမြို့တော် ဗီယင် ကျန်းမြို့တွင်  အောက်တိုဘာ ၃၀ ရက်က     အသွားအလာပိတ်ဆို့ ကန့်သတ်မှုနှင့်        ပတ်သက်၍  သတင်းထောက်များကို ပြောကြားခဲ့သည်။ 

 


လာအိုနိုင်ငံတစ်ဝန်း  ကိုဗစ်- ၁၉  ကူးစက်မှုများ  များပြားလာ သည့်အတွက်       အသွားအလာ ပိတ်ဆို့ကန့်သတ်မှု    ပြုလုပ်ရန် လိုအပ်ကြောင်း၊      မကြာသေးမီ  ရက်ပိုင်းအတွင်း လာအိုနိုင်ငံတွင် ဒေသတွင်း ကူးစက်မှုများတိုးလာ ကြောင်း ၎င်းကပြောကြားခဲ့သည်။ လာအိုနိုင်ငံသားများနှင့်  လာအို နိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံ ခြားသားများ  လုံခြုံစိတ်ချရရေး အတွက် ကိုဗစ် -၁၉ ကန့်သတ်မှု များပြုလုပ်ရန်   လိုအပ်ကြောင်း၊ ကိုဗစ်-၁၉  ကြောင့်  လူသေဆုံးမှု များကို တတ်နိုင်သမျှ  တားဆီး ကာကွယ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 


လာအိုနိုင်ငံ၌    အောက်တို ဘာ ၃၁ ရက်တွင်       ကိုဗစ် -၁၉ နောက်ထပ် ကူးစက်ခံရသူ ၆၇၉ ဦးရှိပြီး ပြည်ပမှကူးစက်လာသူ ခြောက်ဦးရှိသည်ဟု      ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းကော်မတီ က ပြောသည်။ 

 


လာအိုနိုင်ငံတွင်  ကိုဗစ် -၁၉ စုစုပေါင်းကူးစက်ခံရသူ  ၄၀၂၇၁ ဦးရှိပြီး  သေဆုံးသူ ၆၅ ဦးရှိပြီ ဖြစ်သည်။    လာအိုနိုင်ငံတွင်  ပြီးခဲ့သည့်နှစ်   မတ်လ   ၂၄  ရက် မှ စတင်ကာ  ကိုဗစ် -၁၉ ကူးစက် မှုကို စတင်တွေ့ရှိခဲ့သည်။ 


ဆင်ဟွာ