အီရန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၀၉ ဦး ထပ်မံတွေ့ရှိ

တီဟီရန်    အောက်တိုဘာ  ၃၁


အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၆၈၀၉ ဦး    ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူစုစုပေါင်း ၅၉၁၆၂၁၁ ဦး ရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် အီရန်နိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူ ၁၂၈ ဦးရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့်  သေဆုံးသူစုစုပေါင်း ၁၂၆၁၂၆ ဦး ရှိလာ ကြောင်း သိရသည်။


ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ
 ၅၄၉၄၆၈၉ ဦးရှိ


အီရန်နိုင်ငံ     ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ    အီရန်နိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့်   ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၅၄၉၄၆၈၉ ဦးရှိလာကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင် များ၌    ဆေးဝါးကုသမှုခံယူလျက်ရှိသူစုစုပေါင်း ၃၉၄၂ ဦးရှိကြောင်း သိရသည်။
အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၂၃၇၉၀၅၇ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်  ထိုးနှံပြီးသူစုစုပေါင်း ၃၃၆၇၄၀၇၃ ဦး ရှိကြောင်း သိရသည်။          

 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်