
လန်ဒန် အောက်တိုဘာ ၃၁
ကမ္ဘာတစ်ဝန်း၌ အောက်တိုဘာ ၂၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ခုနစ်ဘီလီယံအထိ ထိုးနှံပေးပြီးဖြစ်ကြောင်း Our World in Data သုတေသနဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
အဆိုပါသုတေသနဝက်ဘ်ဆိုက်ကို ဗြိတိန်နိုင်ငံ၏ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသန ပညာရှင်များအပါအဝင် သုတေသနပညာရှင်အများစုက ဦးဆောင်ဦးရွက်ပြုခဲ့ခြင်းဖြစ်သည်။ Our World in Data သုတေသနဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ၏ ၄၉ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကမ္ဘာ့လူဦးရေ၏ ၃၈ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာတစ်ဝန်း၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၄ သန်း ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူဦးရေစုစုပေါင်း၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူရသေးကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်