အင်ဒိုနီးရှားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း လေးသန်းကျော်ရှိလာ

ဂျကာတာ   အောက်တိုဘာ  ၃၁


အင်ဒိုနီးရှားနိုင်ငံ၌  လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၅၂၃ ဦး  ထပ်မံ  စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၄၂၄၄၃၅၈ ဦးရှိလာကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန် သည်။ 


အလားတူ   လွန်ခဲ့သော   ၂၄   နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၇ ဦး ထပ်မံ  သေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၄၃၄၀၅ ဦး ရှိလာပြီဖြစ်သည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ  ၄၉၇ ဦး  ဆေးရုံများမှ ဆင်းသွားခဲ့ရာ ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့သူ ပေါင်း ၄၀၈၈၆၃၅ ဦး ရှိလာသည်။


အင်ဒိုနီးရှားအာဏာပိုင်များက တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအား နိုင်ငံအတွင်းသုံးစွဲရန် အတည်ပြုပြီးနောက် ဇန်နဝါရီ  ၁၃ ရက်တွင် နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ကို စတင်ခဲ့သည်။ 


လက်ရှိအချိန်အထိ  ကာကွယ်ဆေး   နှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ ၇၃ ဒသမ ၆၉ သန်းရှိပြီး  ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ ၁၁၉ ဒသမ ၆၆  သန်းရှိသည်။ 
လူဦးရေ သန်း ၂၇၀ ရှိသည့်အနက်  ပြည်သူ ၂၀၈ ဒသမ ၂ သန်းအား ကာကွယ်ဆေး  ထိုးနှံပေးရန် အင်ဒိုနီးရှားအစိုးရက ရည်ရွယ်ထားသည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်