
နယူးဒေလီ အောက်တိုဘာ ၃၁
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၈၃၀ ရှိခြင်း ကြောင့် လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၂၇၃၃၀၀ ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၄၆ ဦးထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း ၄၅၈၁၈၆ ဦးရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအများဆုံးမှာ ကီရာလာ ပြည်နယ်တောင်ပိုင်းမှဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်တွင် ကီရာလာပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅၈ ဦးရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာပေါင်း ၁၅၉၂၇ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၄၆၆၇ ဦးရှိခြင်း ကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၃၃၆၅၅၈၄၂ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်