
ဘန်ကောက် နိုဝင်ဘာ ၁
ထိုင်းနိုင်ငံသို့လာရောက်မည့် ကာကွယ်ဆေးအပြည့် ထိုးထားသည့် နိုင်ငံခြားခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိသည့်အခါ အသွားအလာ စောင့်ကြည့် ကန့်သတ်ခံရန် မလိုအပ်တော့ဟု သိရ သည်။
ထိုင်းနိုင်ငံသည် နိုဝင်ဘာ ၁ ရက်မှစတင်ကာ နိုင်ငံနှင့် ဒေသပေါင်း ၆၃ ခုမှ လာရောက်လည်ပတ်မည့် ခရီးသွားများအတွက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်ပြုခဲ့သည်။ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံစီးပွားရေးကို ပြန်လည်ထူထောင်ရေးအတွက် ခြေလှမ်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
ကာကွယ်ဆေးထိုးပြီးသား နိုင်ငံခြားခရီးသွားများ နှင့် ကိုဗစ်- ၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ် ပြနိုင်သည့် နိုင်ငံခြားသားများကို အသွားအလာ စောင့်ကြည့်ကန့်သတ်မှုမှ ကင်းလွတ်ခွင့်ပေးခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လျှင် ရောက်ချင်း ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးစစ်မှု ခံယူရမည်ဖြစ်သည်။ ဘန်ကောက်မြို့ အပြင်ဘက်ရှိ လေဆိပ်တွင် ခရီးသွားများကို အပူချိန်တိုင်းတာခြင်း များနှင့် ကိုဗစ်- ၁၉ ကင်းစင်ကြောင်း ဆေး လက်မှတ်များကို စစ်ဆေးနေကြသည်။ အသွား အလာစောင့်ကြည့်ကန့်သတ်မှုမှ ကင်းလွတ်ခွင့်ပေး သည့်အတွက် ဝမ်းသာမိကြောင်း အသက် ၃၅ နှစ် အရွယ် ဂျာမနီအမျိုးသားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်- ၁၉ စတင်ပျံ့နှံ့သည့်အချိန်မှစတင်ကာ နိုင်ငံခြားခရီးသွား များ ပြည်ဝင်ခွင့်ကို တင်းကျပ်ခဲ့သည်။ ကပ်ရောဂါ မတိုင်မီကာလ ထိုင်းနိုင်ငံသို့ နှစ်စဉ်ခရီးသွား သန်း ၄၀ လာရောက်လည်ပတ်လေ့ရှိသည်။ သို့သော် လည်း ယခုနှစ်တွင်မူ စက်တင်ဘာလကုန်အထိ လာရောက်လည်ပတ်သူခရီးသည် ၈၅၀၀၀ သာ ရှိသည်။ ခရီး သွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခဲ့သည့် အတွက် ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင် လုပ်ငန်းများအတွက်လည်း မျှော်လင့်ချက်များ မြင့်တက်စေသည်။ ထိုင်းနိုင်ငံသည် နေ့စဉ်ကူးစက်မှု ၈၀၀၀ ကျော် တွင် ရှိနေဆဲဖြစ်ရာ လူအများအပြားမှာ စိုးရိမ်နေကြ ဆဲဖြစ်သည်။ အင်န်အိတ်ချ်ကေ