ရာသီဥတုကြိုးပမ်းအားထုတ်မှု စိတ်ပျက်မိကြောင်း ကုလအတွင်းရေးမှူးချုပ်ပြောကြား

 

 

ဂျီနီဗာ  နိုဝင်ဘာ  ၁


ရာသီဥတုပြောင်းလဲခြင်းအပေါ် တစ်ကမ္ဘာလုံး ဆိုင်ရာအဖြေရှာရေး ကတိကဝတ်များအတွက် ဂျီ -၂၀  နိုင်ငံများ  ထိပ်သီးအစည်းအဝေးကို ကြိုဆိုကြောင်း၊ သို့သော်လည်း  ရောမမြို့တွင် ပြုလုပ်ခဲ့သည့်     အစည်းအဝေးမှာ        ၎င်း၏ မျှော်လင့်ချက်များကို     ပြည့်စုံစေခြင်းမရှိ ကြောင်း      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က        ပြောကြား ခဲ့သည်။ 
ဂျီ -၂၀  ထိပ်သီးအစည်းအဝေးကို အီတလီ နိုင်ငံမြို့တော်   ရောမမြို့တွင်    သီတင်းပတ် အကုန်၌ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးနှင့်   စပ်လျဉ်း၍  ၎င်း၏ ခံစားချက်ကို  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရက်စ်က တွစ်တာပေါ်တွင် ဖော်ပြခဲ့သည်။ 
ဆွေးနွေးပွဲတွင်  ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်လည်း   ပါဝင်ခဲ့သည်။   ဂျီ -၂၀   အဖွဲ့ဝင် နိုင်ငံများသည်   တစ်ကမ္ဘာလုံးအနှံ့  ရာသီဥတု ပြောင်းလဲမှုကို  တားဆီးနိုင်ရေးအတွက်  အထူး တာဝန်များ      အကောင်အထည်ဖော်ရာတွင်    တာဝန်ရှိသည်ဟု    ကုလသမဂ္ဂအကြီးအကဲက  ပြောသည်။ နိုင်ငံပေါင်း ၂၀ သည်   တစ်ကမ္ဘာလုံး ဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ် မှု၏  ၈၀  ရာခိုင်နှုန်းအတွက်  တာဝန်ရှိသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည်   ဗြိတိန် နိုင်ငံတွင်  ကျင်းပမည့်  COP26 ရာသီဥတု    ပြောင်းလဲမှုညီလာခံကို      တက်ရောက်မည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ