နယူးဇီလန်နိုင်ငံ၌   ဗီဇပြောင်းဒယ်လ်တာ ကူးစက်ခံရသူ ၁၆၂ ဦး တွေ့ရှိ

 

 

ဝယ်လင်တန်  နိုဝင်ဘာ  ၁


နယူးဇီလန်နိုင်ငံတွင်  နိုဝင်ဘာ  ၁  ရက်က  ဒေသတွင်း  ဗီဇပြောင်း ဒယ်လ်တာကူးစက်ခံရသူ ၁၆၂ ဦး တွေ့ရှိခဲ့ရာ ဒေသတွင်း ကူးစက် ခံရသူအရေအတွက်မှာ  ၃၅၁၀  ရှိလာသည်ဟု သိရသည်။
နောက်ထပ်ကူးစက်မှုများထဲတွင် ၁၅၆ ဦးမှာ  အကြီးဆုံးမြို့ ဖြစ်သည့် အော့ကလန်မြို့မှဖြစ်ပြီး    ငါးဦးမှာ      ဝိုက်ကာတိုနှင့် နော့လန်းမှ တစ်ဦးတို့ဖြစ်သည်။ ဒေသတွင်းကူးစက်ခံရသူ ၅၃ ဦး မှာ  ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။ 
အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု  ခံယူနေသူသုံးဦး ရှိသည်။ မကြာသေးမီအတွင်း  နိုင်ငံရပ်ခြားမှ ပြန်လာသူများထဲတွင် လေးဦးကူးစက်ခံထားရသည်ဟု သိရသည်။ 
နယူးဇီလန်နိုင်ငံတွင်   လက်ရှိအချိန်အထိ    ကိုဗစ်-  ၁၉ ကူးစက်ခံရသူပေါင်း ၆၂၃၃ ဦးရှိပြီဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက  ပြောသည်။ 
ဆင်ဟွာ