
ပရီမီယာလိဂ်ကလပ် စပါး အသင်းသည် အသင်းတွင် လေးလကြာ တာဝန်ထမ်း ဆောင်ပြီး ရလဒ်များ ဆိုးရွား လာမှုကြောင့် နူနိုဆန်းတို့စ် ကို နည်းပြအဖြစ်မှ ထုတ် ပယ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။
ထို့အပြင် စပါးအသင်း သည် နည်းပြအဖွဲ့ဝင်များ ဖြစ်သော ကက်သရို၊ ဘာဘိုဆာနှင့် ဒီယက်စ် တို့ကိုလည်း ဆန်းတို့စ်နှင့် အတူ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။ ဆန်းတို့စ်၏ စပါးအသင်းသည် ပြီးခဲ့ သည့် စနေနေ့က ပရီမီယာ လိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်း တွင် နာမည်ကြီး မန်ယူ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ ရာ သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့် ထားသည်။ ထို့အပြင် စပါး အသင်းသည် ပရီမီယာလိဂ် နောက်ဆုံး ခုနစ်ပွဲတွင် ငါးပွဲအထိ ရှုံးနိမ့်ထားကာ အမှတ်ပေးဇယားတွင် ပွဲစဉ် (၁၀) အပြီး၌ ရမှတ် ၁၅ မှတ်သာ ရရှိထားသေးသည်။
အောင်ဇော်