
ကဘူးလ် နိုဝင်ဘာ ၃
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်ရှိ စစ်ဆေးရုံ တစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း ရုပ်မြင် သံကြားတစ်ခုတွင် ဖော်ပြခဲ့သည်။
စစ်ဆေးရုံခုတင်-၄၀၀ ကို အကြမ်းဖက် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဝမ်းတီဗွီတွင် ဖော်ပြခဲ့ သည်။
အကြမ်းဖက်တိုက်ခိုက်သူ တစ်ဦးလည်း သေဆုံးခဲ့ပြီး ဆေးရုံအတွင်းရှိ နောက်ထပ် အကြမ်းဖက်သမားတစ်ဦးကို ရှင်းလင်း သုတ်သင်မှု ဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း မီဒီယာတွင် ဖော်ပြသည်။
ဗုံးပေါက်ကွဲမှုသည် စစ်ဆေးရုံအနီးတွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီးနောက် သေနတ် ပစ်ခတ်မှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကွာရီဆာယက်ခို့စ်က ပြောသည်။
အဆိုပါဆေးရုံသည် အာဖဂန်နစ္စတန် နိုင်ငံတွင် အဓိကစစ်ဆေးရုံတစ်ခုဖြစ်ပြီး စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆေးဘက်ဆိုင်ရာ ကုသမှုပေးလျက်ရှိသည်။
တကယ်သေဆုံးသည့် အရေအတွက်သည် မီဒီယာက ဖော်ပြထားသည်ထက် ပိုမိုများနိုင် ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်း မသိရသေးချေ။ သို့သော်လည်း ယခင်က အဆိုပါတိုက်ခိုက် မှုမျိုးကို အိုင်အက်စ်အဖွဲ့က လုပ်ဆောင်ခဲ့ဖူး ကြောင်း သိရသည်။
ဆင်ဟွာ