မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးပြိုင်ပွဲမတိုင်မီ အင်ဒိုနီးရှားလက်ရွေးစင်အသင်းအပါအဝင် ခြေစမ်းပွဲသုံးပွဲကစားမည်

 

ရန်ကုန်   နိုဝင်ဘာ  ၄ 


မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် တူရကီနိုင်ငံ၌ လေ့ကျင့်လျက်ရှိပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်းအပါအဝင် ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်သည်။

 

 မြန်မာ့လက်ရွေးစင်အသင်း သည်  အောက်တိုဘာလကုန်မှ နိုဝင်ဘာလကုန်အထိ တူရကီနိုင်ငံ Antalya မြို့၌ တစ်လဝန်းကျင်ကြာ လေ့ကျင့်လျက်ရှိပြီး     ယခုလ အတွင်း  ခြေစမ်းပွဲသုံးပွဲကစား သွားမည်ဖြစ်သည်။           မြန်မာ လက်ရွေးစင်            အသင်းသည် လက်ရွေးစင်အသင်းနှင့်  တစ်ပွဲ၊ ကလပ်အသင်းနှင့်   နှစ်ပွဲကစား မည်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် Manavgatspor အသင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် Burundi အသင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား လက်ရွေးစင်              အသင်းတို့နှင့် ခြေစမ်းကစားမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်း သည် ကပ်ရောဂါကြောင့် နှစ်နှစ် နီးပါး       နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနိုင်ခြင်း  မရှိခဲ့ဘဲ     ယခုမှသာ  ပြန်လည်ကစားခြင်း ဖြစ်သည်။ နည်းပြချုပ် အန်တွမ် နီဟေးသည် ယခုနှစ်လယ်ပိုင်းက ၂၀၂၂           ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများ ယှဉ်ပြိုင်ခဲ့သော  လူစာရင်းကိုအခြေခံကာ  အာရှ ဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင် ခဲ့သည့်      ကစားသမားအချို့၊ ပြည်ပကလပ်များတွင်    သွား ရောက်   ကစားနေသူအချို့ကို     အားဖြည့်     ရွေးချယ်ထားခြင်း       ဖြစ်သည်။ 

 


မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား       ၂၅  ဦး ရွေးချယ်ထားပြီး  တူရကီခြေစမ်း ခရီးစဉ်အပြီးတွင်   အပြီးသတ် ကစားသမားများ    ရွေးချယ်သွား မည်ဖြစ်သည်။

 


မြန်မာ့  လက်ရွေးစင်အသင်း သည်   တူရကီနိုင်ငံမှ    ဆူဇူကီး ပြိုင်ပွဲယှဉ်ပြိုင်မည့် စင်ကာပူနိုင်ငံ သို့     တိုက်ရိုက်သွားရနိုင်မည် ဖြစ်သည်။    ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့်             ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ပြန်လည်        ကျင်းပမည်ဖြစ်ကာ မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (တီမော/ဘရူနိုင်း)တို့နှင့်    ကျရောက်နေ သည်။     မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၅ ရက်တွင်      အိမ်ရှင်စင်ကာပူ အသင်းနှင့်   စတင်ကစားရမည် ဖြစ်သည်။    


ရဲရင့်လွင်