
တီဟီရန် နိုဝင်ဘာ ၄
အီရန်နျူကလီးယား အဆင့်မြင့် ညှိနှိုင်းရေးမှူး အလီဘာဂီရီကာနီ က ယခင်က ဘက်ပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ရေး လုပ်ငန်း အစီအစဉ် (ဂျေစီပီအိုအေ)ဟု ခေါ်သည့် ၂၀၁၅ ခုနှစ် နျူကလီး ယားသဘောတူညီချက် ပြန်လည် အသက်ဝင်ရန် ဗီယင်နာနျူကလီး ယား ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်သွား မည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။
တီဟီရန်နှင့် ဘရပ်ဆဲလ်ရှိ ဥရောပပြည်ပရေးရာ ဆောင်ရွက် မှုလုပ်ငန်း ဒုတိယအတွင်းရေးမှူး ချုပ် အန်းရစ်မိုရာနှင့် ဖုန်းပြောဆို ပြီးနောက် မိမိတို့သည် ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများကို ဗီယင်နာ တွင် နိုဝင်ဘာ ၂၉ ရက်တွင် စတင် ရန် သဘောတူခဲ့ကြောင်း ဘာဂီရီ ကာနီက ပြောကြားလိုက်သည်။
ဘာဂီရီကာနီနှင့် မိုရာတို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုပြီးနောက် အီရန်နှင့် ဥရောပ သမဂ္ဂတို့သည် ဆွေးနွေးပွဲကို နိုဝင်ဘာတွင် ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။
အီရန်အစိုးရအဖွဲ့ အပြောင်းအလဲများဖြစ်ပေါ်ပြီးနောက်ပိုင်း ဇွန်လကတည်းက ရပ်ဆိုင်း ခဲ့ရသော နျူကလီးယားဆွေးနွေး ပွဲကို နိုဝင်ဘာလတွင် ပြန်လည် စတင်မည်ဖြစ်ရာ အဆိုပါအစည်း အဝေး၌ ဂျေစီပီအိုအေကို အပြည့် အဝအကောင်အထည်ဖော်ရေးနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်း ရေးသည် အဓိကဆွေးနွေးမည့် အကြောင်းအရာများဖြစ်လိမ့်မည် ဖြစ်သည်။
ဆင်ဟွာ