အာဖရိက၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈ ဒသမ ၅ သန်းကျော်ရှိလာ

အဒစ်အဘာဘာ  နိုဝင်ဘာ  ၄ 


အာဖရိက၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၅၀၆၂၃၁ ဦး ရှိလာကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ယနေ့ပြောသည်။ 

အလားတူ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၂၁၈၇၅၆ ဦးရှိပြီး ရောဂါမှ ပြန်လည် သက်သာလာသူပေါင်း ၇၉၁၀၅၂၂ ဦးရှိကြောင်း သိရ သည်။ 
ဒေသအတွင်းရှိ နိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုးပီးယားနိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာခံစား နေရကြောင်း  အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ဆိုသည်။ 

တောင်အာဖရိကနိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူပေါင်း  ၂၉၂၂၃၉၁ ဦးရှိပြီး   မော်ရိုကို နိုင်ငံ၌ ၉၄၆၅၄၃ ဦးရှိသည်။ 
ထို့ပြင် အာဖရိကတောင်ပိုင်း၌ ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်း တို့သည် ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည်     ရောဂါကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်