
နေပြည်တော် နိုဝင်ဘာ ၅
မိန်းကလေးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ် စေခိုင်း သည့်အပြင် လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်နေ သန်းစိုး အောင် ( မိ )နှင့် မိခင်ဖြစ်သူ ဒေါ်ယဉ်နွယ် (တိမ်းရှောင်)တို့က ပဲခူးမြို့ နေ မxxx၊ (၂၀ နှစ်)အားတရုတ်နိုင်ငံရှိ ရေသန့်စက်ရုံတွင် အလုပ်လုပ် ကိုင်ပါက ဝင်ငွေကောင်းကြောင်း ပြောဆိုစည်းရုံးပြီး တရုတ် အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့ရသည့်အပြင် တရုတ်ပြည်၌ ကြက်သွန်မြိတ်ခွာသည့် အလုပ်လုပ်ကိုင်ခဲ့ရသော်လည်း ငွေကြေး တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သော ကြောင့် ပဲခူးမြို့မ ရဲစခန်း(ပ) ၂၂၁၈/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပဲခူးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင် တရားခံ သန်းစိုး အောင်ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံကို တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။
သတင်းစဉ်