လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀၀၀ ကျော်မှ ကလေးငယ်၏ ဦးခေါင်းခွံကို တောင်အာဖရိက သုတေသီများ ရှာဖွေတွေ့ရှိ

 

ဂျိုဟန်နက်စ်ဘာ့ဂျ်    နိုဝင်ဘာ    ၅


ဝစ်ထ်ဝါးတားစတန်းတက္ကသိုလ်နှင့် အခြား သော တက္ကသိုလ် ၁၃ ခုမှ သုတေသီများ ပါဝင် သည့်  အဖွဲ့တစ်ဖွဲ့သည်  လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀၀၀  နီးပါးခန့်က   သေဆုံးခဲ့သော ကလေးငယ်၏ ဦးခေါင်းနှင့် သွားအစိတ်အပိုင်း များကို တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။  

 


အဆိုပါကလေးငယ်မှာ အသက်လေးနှစ်မှ ခြောက်နှစ်ကြားရှိမည်ဟု   ခန့်မှန်းရသည်။  ဦးခေါင်းခွံအစိတ်အပိုင်းကို တောင်အာဖရိကရှိ ရုပ်ကြွင်းများနှင့် ရှေးဦးလူသားများ၏အကြွင်း အကျန်များ   အများဆုံးတွေ့ရှိရာနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု    သုတေသနအဖွဲ့ ခေါင်းဆောင် လီရော်ဂျာ  ဘာဂါက ပြောသည်။ 


အဆိုပါနေရာမှာ   ဂျိုဟန်နက်စ်ဘာ့ဂျ် မြို့အနီး      ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာလည်းဖြစ်သည်။ 

ဆင်ဟွာ