ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ အန္တရာယ်ကို ဆက်လက်သတိထားနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

 

မနီလာ  နိုဝင်ဘာ   ၅     


ဖိလစ်ပိုင်နိုင်ငံ၌    နိုဝင်ဘာ ၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၇၆ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၇၉၇၉၈၆ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်း ထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၂၆၀  ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၄၀၈၅ ဦးအထိ ရှိလာခဲ့သည်။ 

 


မြို့တော်မနီလာတွင်  ကိုဗစ်-၁၉   ကန့်သတ်ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းများ ထပ်မံဖြေလျှော့ပေးနေသောကြောင့်   ပြည်သူလူထုကို    သတိထားပြီး  ဆက်လက် နေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအကြီးအကဲ မာရီယာ ရိုဆာရီယို  ဗာဂျီရီက တိုက်တွန်းထားသည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်းကို လုံးဝတွန်းလှန်မဖယ်ရှား နိုင်သေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ 

 

လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်သုံးကြိမ် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။ 

 


နောက်ဆုံး ကိုဗစ်-၁၉ ရောဂါသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင် ဘာ ၁၁  ရက် တစ်နေ့တည်း   ကိုဗစ်-၁၉ ဖြင့်   ကူးစက်သူ ၂၆၃၀၃ ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။ 

 


ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉    စမ်းသပ် စစ်ဆေးပြီးသူပေါင်း   ၂၁ ဒသမ ၅ သန်း ကျော်လွန်လာပြီဖြစ်သည်။                                                      
ဆင်ဟွာ