အီရန်ရဲ့ နျူကလီးယားဆွေးနွေးမှု ပြန်လည်စတင်မယ့် ဆုံးဖြတ်ချက်ဟာ အနောက်အုပ်စုတွေရဲ့ ဖိအားပေးမှုတွေကို လျှော့ချနိုင်မှာလား

 

လင်းဟန်သစ်

 

အရင်က  ဘက်ပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ရေးလုပ်ငန်း အစီအစဉ် (ဂျေစီပီအိုအေ)လို့ခေါ်တဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းဖို့ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားပြီး ငါးလအကြာမှာတော့ အီရန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ရပ်ဆိုင်းထားတဲ့ ဆွေးနွေးပွဲတွေ ကို နောက်တစ်ကြိမ်    ပြန်လည်အသက်သွင်းဖို့    ခြေလှမ်းတစ်ရပ် စတင်လိုက်တဲ့အနေနဲ့ နိုဝင်ဘာ ၂၉ ရက်ကို ဆွေးနွေးပွဲတွေ ပြန်လည် စတင်မယ့်ရက်အဖြစ် ကြေညာခဲ့ပါတယ်။ 

 


နျူကလီးယားအရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တိုးတက်မှုဖြစ်စဉ် တွေ နှေးကွေးနေသော်လည်း ဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ အီရန်ရဲ့ သဘောတူညီမှုဟာ   အနောက်အုပ်စုရဲ့   ရည်မှန်းချက်ပန်းတိုင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်လို့ အီရန်ကျွမ်းကျင်သူတွေက မှတ်ချက် ပြုဖော်ပြထားပါတယ်။

 


အချိန်ကိုက်ဆုံးဖြတ်ချက် 


အစောပိုင်းညှိနှိုင်းဆွေးနွေးမှု   ခြောက်ကြိမ်လုံးဟာ    အီရန် နျူကလီးယားအစီအစဉ်ကို ဆက်လက်စောင့်ကြည့်လို့ရမယ့် ဂျေစီပီ အိုအေကို ပြန်လည်အသက်သွင်းဖို့   ရည်ရွယ်ခဲ့သလို   အီရန်အပေါ် အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို   ဖြေလျှော့ပေးဖို့   အခွင့်အရေးတွေကို လည်း ဖော်ဆောင်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ အီရန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲဖြစ်စဉ်တွေနဲ့ အစိုးရအပြောင်းအလဲတွေက  နျူကလီးယား ဆွေးနွေးမှုကို ဟန့်တားနှောင့်ယှက်သလို  ဖြစ်စေခဲ့ပါတယ်။ 

 


ပထဝီနိုင်ငံရေးဆိုင်ရာ     ပါမောက္ခနဲ့    နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ  အီရန်နိုင်ငံသား   အက်ဘ်ဒေါရီဇာဖာရာဂျီရက်ဒ်က နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်မယ်လို့ ကြေညာလိုက်တာ ဟာ နိုင်ငံအရေးကို အနောက်ဘက်ကို  ယိမ်းယိုင်ခွင့်ပြုမှာမဟုတ်တဲ့ အီရန်ရဲ့ အချိန်ကိုက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားလိုက်ပါ တယ်။

 


လွှမ်းမိုးဖို့ကြိုးစားနေ 


အီရန်ဟာ ဂျေစီပီအိုအေကနေ ဆုတ်ခွာနေတဲ့ပုံစံမျိုး ဥရောပသမဂ္ဂ နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ  လွန်ခဲ့တဲ့  သီတင်းပတ်တွေက ပြုမူဆောင်ရွက်ခဲ့တယ်လို့ ဖာရာဂျီရက်ဒ်က ရှင်းလင်းပြောကြားခဲ့ပါ တယ်။ 
ရောမမှာပြုလုပ်ခဲ့တဲ့ ဂျီ-၂၀ ဆွေးနွေးပွဲရဲ့ သီးသန့်တွေ့ဆုံဆွေးနွေး ပွဲပြီးနောက် အောက်တိုဘာ ၃၀ ရက်ညနေက ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်ခေါင်းဆောင်များနဲ့အတူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပူးတွဲကြေညာချက်တစ်စောင်  ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် မှာ အီရန်သမ္မတဖြစ်တဲ့   အီဘရာဟင်ရိုင်စီအား  အခွင့်အရေးကို အမိအရယူပြီး မိမိတို့ရဲ့ညှိနှိုင်းဆွေးနွေးချက်တွေကို  အဆုံးသတ်ဖို့ ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့ ပြန်လာဖို့  တိုက်တွန်းပြောကြားထားပါ တယ်။ 
ဂျေစီပီအိုအေက ထွက်ခွာခဲ့တာ အမေရိကန်လို့မမြင်စေဘဲ အီရန် ရဲ့ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ဆိုတဲ့ အတွေးတွေနဲ့ အနောက် နိုင်ငံတွေက ကမ္ဘာ့ပြည်သူ့အမြင်တွေကို လွှမ်းမိုးဖို့ ကြိုးစားနေပါတယ် လို့ ဖာရာဂျီရက်ဒ်က ပြောပါတယ်။ သူဟာ နော်ဝေနဲ့ ဟန်ဂေရီဆိုင်ရာ အီရန်သံအမတ်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ 

 


အကောင်အထည်ဖော်ဖို့ ကတိပြု 


နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ အီရန်လူမျိုး အလီဘစ်ဒယ်လီရဲ့ ပြောကြားချက်ကို ကိုးကားပြီး အက်ဘ်တီကာနေ့စဉ်သတင်းစာမှာ ဖော်ပြထားတာကတော့ နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်ခြင်း ဟာ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) အုပ်ချုပ် မှုအဖွဲ့ရဲ့ အီရန်အပေါ်ဖြစ်နိုင်တဲ့   ဆုံးဖြတ်ချက်ဥပဒေပြဋ္ဌာန်းခြင်းကို တစ်စိတ်တစ်ပိုင်းကာကွယ်ပေးလိုခြင်း သို့မဟုတ် အီရန်နဲ့ နျူကလီးယား အမှုတွဲကို    ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့   လွှဲပြောင်းခြင်းကို ကာကွယ်ပေးလိုခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 
ဇွန်လမှာ   သမ္မတရိုင်စီကို    အီရန်သမ္မတအဖြစ်    ရွေးကောက် တင်မြှောက်ခြင်းပြီးတဲ့နောက်မှာ အီရန်အရာရှိတွေဟာ အရင်တုန်းက ညှိနှိုင်းဆွေးနွေးခဲ့တာကို ပြန်လည်သုံးသပ်ပြီး နျူကလီးယားဆွေးနွေးပွဲ ကို ပြန်လည်စတင်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့သလို ဂျေစီပီအိုအေပါ ကတိကဝတ်တွေကို စတင်အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြပါ တယ်။

 


ဆန့်ကျင်သံတွေထွက်နေဦးမယ် 


တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ  ၂၀၁၈ ခုနှစ်မှာ  နျူကလီးယားစာချုပ်က   နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ဖြစ်နိုင်တဲ့   ညှိနှိုင်းဆွေးနွေးမှုတွေကို    ရလဒ်ဗဟိုပြု ချဉ်းကပ်မှုပုံစံမျိုးဖြစ်ဖို့  အီရန်အရာရှိတွေက တိုက်တွန်းခဲ့ပါတယ်။  
အီရန်လူမျိုးကျွမ်းကျင်သူတွေကတော့  လာမယ့်ဆွေးနွေးပွဲမှာ သဘောတူညီချက်တစ်ခုရရှိဖို့လမ်းကြောင်းဟာ ချောမွေ့မှာမဟုတ်ဘူး လို့ ယုံကြည်လျက်ရှိသလို စိန်ခေါ်မှုတွေလည်း  ကြုံတွေ့ရဦးမယ်လို့ မှတ်ယူထားကြပါတယ်။
နျူကလီးယားအရေးညှိနှိုင်းဆွေးနွေးမှုတိုင်းဟာ  သစ္စာဖောက်မှု တစ်ခုလို  ဆုံးဖြတ်ပြီး  ဆန့်ကျင်ဘက်အသံတွေ ဆက်လက်ထွက်ပေါ် နေဦးမယ်လို့ ဘစ်ဒယ်လီက ဖော်ပြထားပါတယ်။ 

 


ရိုင်စီအစိုးရဟာ ဒီအရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့   ရင်ဆိုင် ရဦးမှာဖြစ်တယ်လို့ သူက ဆက်လက်ဖော်ပြထားပါတယ်။ 
အမေရိကန်က အီရန်နျူကလီးယားသဘောတူညီချက်ကို လက်ခံမှာမဟုတ် 
မကြာသေးမီက တွစ်တာမှာ အမေရိကန်ရီပတ်ဘလစ်ကန်အမတ် တက်ဒ်ခရုဇ်က နောင်လာမယ့်    ရီပတ်ဘလစ်ကန်သမ္မတတိုင်းဟာ အီရန်နဲ့ နျူကလီးယားသဘောတူညီချက်ကို လက်ခံမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ 

 


အမေရိကန်ဘက်ကတော့ ရှင်းရှင်းလေးပဲ။ သူတို့အနေနဲ့ ဒီအရေး ကို    အာမခံချက်   အမြဲပေးသွားမှာမဟုတ်သလို    နောက်လာမယ့် အမေရိကန်အစိုးရတိုင်းဟာလည်း နျူကလီးယားအရေးကို စိတ်ချ သေချာအောင် လုပ်ဆောင်မယ်မထင်ပါဘူးလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ 
ထို့အတူ အီရန်အနေနဲ့ ဒီအချိန်မှာ ဂျေစီပီအိုအေ အပေါ်  သူ့ရဲ့ မူဝါဒကိုပြောင်းလဲဖို့  လိုအပ်လျက်ရှိပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုနဲ့  သွယ်ဝိုက်ညှိနှိုင်းဆွေးနွေးမှုတွေဟာ အီရန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့  သူက   ဆက်လက်ပြောကြားထားပါတယ်။       ။            

ကိုးကား ဆင်ဟွာ