
နေပြည်တော် နိုဝင်ဘာ ၆
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၂၈ စီး၊ သွင်းကုန် ၁၁၈ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၅၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များအား စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု တစ်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၂ ဒသမ ၂၅၀ သန်းတန်ဖိုးရှိ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းဖြစ်သည့် Llpovltan-D (100mlx50)(150 Pkgs)ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်