မြစ်ကြီးနား၊ တာချီလိတ်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် နိုဝင်ဘာ ၆ 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ  ပါဝင် သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်နေ နိုင်နိုင်လင်း(ခ)ပူတူး ၏   နေအိမ်ကို    ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၄၀၃၀  ကို လည်းကောင်း၊ ယင်းနေ့ နံနက် ၁၀နာရီ မိနစ် ၄၀ တွင်   တာချီလိတ်မြို့နယ် ဟွေပုံကျေးရွာအနီးတွင်  အောင်ဖန်(ခ) အိုက်ဖန်       မောင်းနှင်လာသည့်    ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား    ၁၀၀၀၀   ကိုလည်းကောင်း။

 


အလားတူ   နိုဝင်ဘာ   ၄ ရက် ညပိုင်းတွင်       တောင်ကြီးနယ်မြေ ရဲစခန်းမှ  တပ်ဖွဲ့ဝင်များ   ပါဝင်သော ပူးပေါင်းအဖွဲ့သည်      တောင်ကြီးမြို့ ညောင်ဖြူစခမ်းရပ်ကွက် အနောက် မြို့ပတ်လမ်းနှင့်   မြင့်မိုရ်လမ်းဆုံတွင်  ရဲသွေးနောင်    မောင်းနှင်လာသည့်    ဆိုင်ကယ်ကို          ရပ်တန့်စစ်ဆေး ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား  ၂၆၀၀ ကိုလည်းကောင်း       သိမ်းဆည်း ရမိခဲ့သဖြင့်  ၎င်းတို့အား   မူးယစ် ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲ စေသော   ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။                

 ရဲပြန်ကြား