ကာပေါင်းကျမှ ဖျက်မရသောသက်သေ

 

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများ၏အရည်အချင်းက အရေးကြီးသည်။ နိုင်ငံသားကောင်းတစ်ဦးဖြစ်ရန်အတွက် ဉာဏ် အမြော်အမြင်ရှိရန်၊ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်ရန်နှင့် အမှားအမှန် ကို ခွဲခြားနိုင်သည့်  အသိစိတ်ရှိရန်လိုအပ်သည်။ ဆန့်ကျင်ဘက် အနေဖြင့်မူ ပျင်းရိခြင်း၊ ကိုယ်ကျိုးစီးပွားဦးစားပေးခြင်း၊ ပါတီစွဲ စိတ်ဓာတ်ရှိခြင်းတို့ပင် ဖြစ်သည်။ ယင်းအမူအကျင့်များက နိုင်ငံ သားကောင်းမဖြစ်နိုင်သည့်    အမူအကျင့်များပင်   ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပါတီများ တစ်ပါတီမက ရှိနေမည်ဖြစ်ပြီး တစ်ပါတီနှင့်တစ်ပါတီသည်လည်း မူဝါဒ၊ လမ်းစဉ်၊ တွေးခေါ်မြော်မြင်မှုများ ကွဲပြားခြားနားနေကြမည်သာ ဖြစ်သည်။ သို့ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ကောင်းမွန်ရေးတို့ကို မိမိတို့ ပါတီများ၏ အကျိုးစီးပွားများထက် ပိုမိုဦးစားပေးကြရမည်။ ပြည်သူကို အလုပ်အကျွေးပြုကြရမည်ဖြစ်သည်။

 


နိုင်ငံရေးပါတီတစ်ခုအနေဖြင့် အမျိုးသားအကျိုးစီးပွားထက် ပါတီ၏အကျိုးကို ကျဉ်းမြောင်းစွာ ရှေ့တန်းတင်သည့်အခါတွင် မကောင်းသည့်အကျိုးဆက်များ ဖြစ်ပေါ်လာသည်။ စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များက ပါတီစွဲစိတ်ဓာတ်ပြင်းထန် သည့်အပြင် ဉာဏ်အမြော်အမြင်ကင်းမဲ့ခြင်း၊ မိမိကိုယ်မိမိ မထိန်း သိမ်းနိုင်ခြင်းနှင့် အမှားအမှန်ကို ခွဲခြားနိုင်သည့် အသိစိတ်ဓာတ် တို့ ခန်းခြောက်နေခြင်းတို့ကို ပြသလျက်ရှိသည်။ အိမ်ခြေ ၇၀၀ ခန့်ရှိပြီး ပြည်ခိုင်ဖြိုးပါတီ ထောက်ခံအားပေးသူများ၊ NLD ပါတီ ထောက်ခံအားပေးသူများ၊ အခြားပါတီ ထောက်ခံသူများ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် ကာပေါင်းကျရွာသည် အစွန်း ရောက်အကြမ်းဖက်သူတို့ကြောင့် သွေးချောင်းစီးခဲ့ရသည်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့အစည်းတို့၏ သွေးထိုးလှုံ့ဆော် လမ်း ညွှန်မှုတို့က   တစ်ရွာတည်းနေ    တစ်ရေတည်းသောက်သူများ အကြား လူသတ်ပွဲများ ဖြစ်ပေါ်စေခဲ့သည်။ ငါနဲ့မတူ ငါ့ရန်သူ ဟူသော အယူအစွဲပြင်းထန်စွာဖြင့် ကလေးများ၊ သက်ကြီးရွယ်အို များအပါအဝင် ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်များ၊ စက်များ၊ တဲများ စသည့်သက်မွေးဝမ်းကျောင်းလုပ်ကိုင်စားသောက်စရာ အရင်းအမြစ်များပါ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ နောက်ဆက်တွဲ သတ်ဖြတ်မှုများ ပေါ်ပေါက်လာဦးမည့်အခြေအနေတွင် သေဘေး မှ ရှောင်တိမ်းထွက်ပြေးနေကြရသူများ အကူအညီမဲ့နေကြသည်။

 


ကာပေါင်းကျရွာမှထွက်ပေါ်လာသည့် အကြမ်းဖက်ဘေးဒုက္ခ သည်များ၏အသံမှာ မကြားယောင်၊ မသိယောင်ဖြင့် လျစ်လျူရှု ခံထားကြရသည်။ ဆရာတော်တစ်ပါးက မနိုင်ဝန်ထမ်း ကယ်ဆယ် ထားရပြီး ခါတိုင်းကြားနေကျ မီဒီယာများ၊ အင်န်ဂျီအို/အိုင်အင်န် ဂျီအိုများ၊ သံရုံးများမှအသံများ နှုတ်ဆိတ်နေကြသည်။ သတင်း အချက်အလက်များ မှန် မမှန် စိစစ်ခြင်း အလျဉ်းမရှိဘဲ ချက်ချင်း ဆိုသလို ထွက်လာတတ်သည့်အသံများက ကာပေါင်းကျအရေး တွင်မူ ၎င်းတို့၏ သတင်းအရင်းအမြစ်များထံမှ  ဆင်ခြေအဖာ တစ်ရာနှင့်   ပုံပန်းဖျက်ထွက်လာမည့်   အချက်အလက်များကို တောင်းခံနေကြသည်ဟု ယူဆရဖွယ်ပင်ဖြစ်သည်။ 

 


ဒီမိုကရေစီကို အလိုရှိသည်မှန်လျှင် ကွဲပြားခြားနားမှုများရှိနေ သည်ကို လက်ခံကြရမည်သာဖြစ်သည်။ မိမိနှင့်မတူညီသူများ၊ မိမိကိုမထောက်ခံသူများ၊ မိမိကိုဆန့်ကျင်သူများသည် အနည်းစု အနေဖြင့်လည်းကောင်း၊ အများစုအနေဖြင့်လည်း တည်ရှိနေမည် ဖြစ်သည်။ အကြမ်းဖက်သည့်နည်းလမ်းသည် မှန်ကန်သည့်နည်း လမ်းမဟုတ်သည့်အပြင် အောင်မြင်မှုရရှိမည့်နည်းလမ်းလည်း မဟုတ်။  နိုင်ငံရေးမတူကွဲပြားမှုကို အကြောင်းပြု၍ တစ်ရွာတည်း နေသူများကို ကလေးများနှင့် သက်ကြီးရွယ်အိုများပါမချန် အုပ်စုဖွဲ့ အနိုင်ကျင့်သတ်ဖြတ်ခဲ့ခြင်း၊ အိမ်ရာများနှင့် ပိုင်ဆိုင်မှုများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့က ကာပေါင်းကျကျေးရွာ၏ သမိုင်းကြောင်း တွင် ဒီမိုကရေစီအမည်ခံ အကြမ်းဖက်လုပ်ရပ်များ၏ သွေးညှီနံ့ ထောင်းထောင်းထနေသည့် ဖျက်မရသောသက်သေပင် ဖြစ်ပါ ကြောင်း။      ။