စင်ကာပူနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၃၅ ဦး ထပ်မံတွေ့ရှိ

စင်ကာပူ   နိုဝင်ဘာ   ၇ 


စင်ကာပူနိုင်ငံ၌   လွန်ခဲ့သော ၂၄ နာရီအတွင်း    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀၃၅ ဦး ထပ်မံ တွေ့ရှိခဲ့ရာ   ဗိုင်းရပ်စ်ကူးစက်ခံရ သူပေါင်း ၂၁၅၇၈၀ ရှိလာသည်။ 
ယင်းတို့အနက်   ငါးဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်ပြီး ကျန် ၃၀၃၀ သည် ဒေသတွင်း ရောဂါကူးစက် ခံရသူများဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေး    ဝန်ကြီးဌာနက ဆိုသည်။ 
လူနာ ၁၆၆၆ ဦးသည်  ဆေးရုံ များ၌ ဆေးဝါးကုသမှုခံယူနေရပြီး ယင်းတို့အနက် ၂၉၉ ဦးသည် အသက်ရှူ     အထောက်အကူပြု ကိရိယာများ        တပ်ဆင်ထားရ သည်။

၁၂ ဦး ထပ်မံသေဆုံး


လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ      ကူးစက်မှု ကြောင့် ၁၂ ဦး   ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့်  သေဆုံးသူ ပေါင်း ၄၈၀ ရှိပြီဖြစ်သည်။ 
နိုင်ငံလူဦးရေ ၈၅ ရာခိုင်နှုန်း သည်    ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။       ၁၇ ရာခိုင်နှုန်းသည်   ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှု    ခံယူပြီး ဖြစ်သည်။ 


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်