ပြည်ကြီးတံခွန်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  နိုဝင်ဘာ  ၇ 

မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ယမန် နေ့နံနက် ၁၁ နာရီတွင် ပြည်ကြီး တံခွန်မြို့နယ် ၇၄ လမ်းနှင့် ၁၁၈ လမ်းထောင့်ရှိ တည်းခိုခန်းအနီး တွင် မအေးသန်း၊  ဇော်မိုးသန်း၊ ဦးသန်းမင်း၊     မစန်းစန်းရီနှင့် မရီရီစိုးတို့ကို မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းအရ  စစ်ဆေး ရှာဖွေရာ မအေးသန်းထံမှ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊  စိတ်ကြွ ရူးသွပ်ဆေးပြား  ၁၁၄၀၀  ကို လည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်း အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် (ဆ/က)ရပ်ကွက် သမာဓိ(၄)လမ်း အမှတ်(၁၂)      (၃)လွှာနေ ဝင်းမင်းထိုက်(ခ)ပေသီး၏ နေအိမ် တိုက်ခန်းကို   ရှာဖွေရာ   စိတ်ကြွ ရူးသွပ်ဆေးပြား ၇၅၇၀၊ အိုက်စ် သုည  ဒသမ  ၀၃၂  ကီလိုကို လည်းကောင်း  သိမ်းဆည်းရမိခဲ့ သဖြင့်  ၎င်းတို့အား   မူးယစ်ဆေးဝါး နှင့်      စိတ်ကို     ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားကြောင်း     သိရ သည်။ 


ရဲပြန်ကြား