ပါကစ္စတန်နိုင်ငံတွင် ကိုဗစ် -၁၉  နောက်ထပ်ကူးစက်ခံရသူ  ၄၄၉ ဦး ထပ်မံတွေ့ရှိ

 

 

အစ္စလာမ္မာဘတ်  နိုဝင်ဘာ  ၈


ပါကစ္စတန်နိုင်ငံတွင်  နိုဝင်ဘာ ၇ ရက်က     ကိုဗစ် -၁၉  နောက်ထပ် ကူးစက်ခံရသူ ၄၄၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၉ဦးရှိသည်ဟု အမျိုးသား ကွပ်ကဲမှုနှင့်    ညွှန်ကြားမှုဆိုင်ရာရုံးက     နိုဝင်ဘာ  ၈ ရက်တွင်  ပြော သည်။ 
ပါကစ္စတန်နိုင်ငံတွင်  ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၁၂၁၇၇၁၆၀ ရှိပြီး       ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ   ၁၂၂၅၈၈၀ ရှိ သည်။ 
တိုင်းပြည်အတွင်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူ ၂၂၇၃၃ ဦး ရှိပြီး ၁၂၃၅ ဦးမှာ စိုးရိမ်ရသည့်  အခြေအနေရှိသည်ဟုလည်း   သိရ သည်။ 
ပါကစ္စတန်နိုင်ငံတောင်ပိုင်း        ဆင်းဒ်ပြည်နယ်မှာ     ကူးစက်မှု အများဆုံးဖြစ်ပြီး   ၎င်းနောက်တွင်   အရှေ့ပိုင်း  ပန်ဂျပ်ပြည်နယ်မှာ   ဒုတိယ ကူးစက်မှုအများဆုံးဟု သိရသည်။ 
ဆင်ဟွာ