အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းပြည်အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့် သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးမှုများကြောင့် ပြည်တွင်းမှ အစွန်းရောက်များနှင့် အကြမ်းဖက်သမား PDF များက နိုင်ငံအတွင်း အချို့ဒေသများ ၌ ဆန့်ကျင်ဘက်ပါတီဝင်များ၊ အစိုးရကိုထောက်ခံသူ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုသတင်းများကို စိတ်မချမ်းမြေ့ဖွယ်ကြားသိနေရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများ၏လက်ချက်ဖြင့် အပြစ်မဲ့ပြည်သူများ ရက်စက်စွာသတ်ဖြတ်ခံရမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာအုပ်စု ကာပေါင်းကျကျေးရွာမှ ကိုယ်တွေ့ကြုံခဲ့ရသူ ရွာသူရွာသားများ၏သတင်းစကားများကို ကြားသိရသဖြင့် များစွာစိတ်မကောင်းဖြစ်မိ သည်။ ရွာမှငယ်ရွယ်သောကလေးသူငယ်များနှင့် သက်ကြီးဘိုးဘွားပါမကျန် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့သည်။ နှစ်ပေါင်းများစွာ အေးချမ်းစွာအတူနေထိုင်လုပ်ကိုင် စားသောက်ခဲ့ကြသည့် ကျေးရွာသူ ကျေးရွာသားများအချင်းချင်း မတူကွဲပြားသည့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဝါဒစွဲများကို အကြောင်းပြု၍ လူ့အသက်တစ်ချောင်းကို မညှာ မတာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများ ကျေးလက်များတွင် အဖြစ်များနေသည်။
ယနေ့လက်ရှိ အစွန်းရောက်ဝါဒမှာ ပါတီကြီးတwစ်ခု စတင်သန္ဓေတည်စဉ် ကတည်းက လက်ကိုင်သုံးစွဲခဲ့သော ဝါဒလမ်းစဉ်အဖြစ် ရှုမြင်နိုင်ပါသည်။ မြန်မာ နိုင်ငံတွင် နိုင်ငံရေးပါတီများအား စတင်အသိအမှတ်ပြုခဲ့သည့် ၁၉၈၉ ခုနှစ်ကာလမှ စ၍ ၎င်းပါတီ ယနေ့ထိကိုင်စွဲအသုံးပြုလျက်ရှိသော အလုံးစုံပျက်စီးရေး၊ ထိပ်တိုက် တွေ့ဆုံရေး၊ ငါနှင့်မတူ ငါ့ရန်သူဟူသောဝါဒများဖြစ်သည်။ ဒီမိုကရေစီအခွင့်အရေး များကို အသုံးချပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပြည်သူများအား ဝါဒမှိုင်းတိုက်ခဲ့သည်။ အထူးသဖြင့် ဆင်ခြင်ဉာဏ်အားနည်းသော ကျေးလက်နေပြည်သူအချို့ကို စည်းရုံး နိုင်ခဲ့သည်။ ငါနှင့်မတူသူများအား ငါ့ရန်သူဟုသဘောထား၍ မြို့ပေါ်တွင် အလစ် အငိုက်ချောင်းမြောင်းတိုက်ခိုက်သတ်ဖြတ်ခြင်း၊ ကျေးလက်ဒေသအချို့တွင် လက်နက် လူအင်အားဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြသည်။
မြန်မာနိုင်ငံ၌ မြို့ပြနှင့်ကျေးလက်များတွင် နှစ်ပေါင်းများစွာ အေးချမ်းစွာ နေထိုင်လာရာမှ ယခုအခါ နိုင်ငံရေးပါတီတစ်ခုကိုအကြောင်းပြု၍ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲကြသည်ကို တွေ့ရမည်။ ပြည်သူအချင်းချင်း အမုန်းပွားကြသည်ကို မြင်ရမည်။ ထို့နောက် စိတ်ဝမ်းကွဲပြားအမုန်းပွားကြရာမှ ပြည်သူအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်သည်အထိ ကျူးလွန်လာကြသည်။ ထိုသို့ကျူးလွန်နိုင် အောင်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့က ပြည်ပနိုင်ငံမှ သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးနေသည်ကိုတွေ့ရသည်။ ထိုသို့မြှောက်ပင့်သွေးထိုး အားပေးမှုကြောင့် အသိမဲ့အကြမ်းဖက်သမားများသည် ဒုစရိုက်အမှုများကို လက်ရဲ ဇက်ရဲကျူးလွန်လာကြသည်။ ထိုသို့သတ်ဖြတ်မှုများကို မည်သည့်နိုင်ငံတကာ အဖွဲ့အစည်း၊ မည်သည့်လူ့အခွင့်အရေးအဖွဲ့ကမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားများသာ အပြစ်မဲ့ပြည်သူများအတွက် စိတ်မကောင်း ဖြစ်ရသည်။ ထိုမှားယွင်းသောဝါဒစွဲကြောင့် ဖြစ်ပေါ်လာသောအကြမ်းဖက်သတ်ဖြတ် မှုများမှာ အတိုင်းအတာတစ်ခုသာရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း နှင့်ပတ်သက်၍ ရှေးယခင်က အစွန်းရောက်ပါတီကြီးတစ်ခုက ပြုလုပ်ခဲ့ဖူးသည်။ အယူဝါဒစွဲပြင်းထန်သော အလံနီကွန်မြူနစ်ပါတီသည် ငါနှင့်မတူသူများကို သစ္စာဖောက်ဟုစွပ်စွဲကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ ပြည်တွင်းဆူပူ သောင်းကျန်းသည့်အဖွဲ့အစည်းများတွင် ပထမဆုံးမတရားအသင်းအဖြစ် ကြေညာ ခြင်းခံခဲ့ရသည့် အလံနီကွန်မြူနစ်ပါတီသည် မြန်မာ့သမိုင်းတွင် ပြည်သူလူထုအား အကြမ်းဖက်ဝါဒနှင့်လူသတ်ဝါဒကျင့်သုံးခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ် ပထစ အစိုးရလက်ထက် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့က ထီးလင်းမြို့နယ် ဆင်စွယ် ရွာလူသတ်မှုသည် မြန်မာ့သမိုင်းတွင် အထင်အရှားကျန်ရစ်ခဲ့သည်။
အကြမ်းဖက်လူသတ်ဝါဒကို ကျင့်သုံးခဲ့သည့် အလံနီကွန်မြူနစ်ပါတီ၏ ဖျောက်ဖျက်၍မရသော ကြီးမားသောအမှားအယွင်းဖြစ်သည်။ ဆင်စွယ်ရွာလူသတ်မှု သည် အလံနီကွန်မြူနစ်ပါတီ၏ အလွန်ခါးသီးလှသောကျူးလွန်မှုဖြစ်သည်။ ဆင်စွယ်ရွာသာမက ကွန်မြူနစ်များလွှမ်းမိုးသောနယ်မြေများရှိ အပြစ်မဲ့ပြည်သူများ အား သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် ၎င်းတို့၏ပါတီဝင်အချင်းချင်းကိုလည်း စွဲချက်အမျိုးမျိုးတင်၍ သတ်ဖြတ်ခဲ့ကြသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာယူဖွယ် တွေ့ရမည်ဖြစ်သည်။ ယခုအခါ တည်ဆဲပါတီကြီးတစ်ခုသည် အလံနီကွန်မြူနစ် ပါတီ၏လမ်းစဉ်နှင့် အလားတူကျင့်သုံးလာသည်ကိုတွေ့ရသည်။ ၎င်းပါတီဝင် များနှင့် ဝန်းရံသူများသည် CRPH နှင့် NUG အဖွဲ့ ဖွဲ့စည်းကာ ပြည်တွင်းရှိ PDF နှင့် အကြမ်းဖက်သမားများအား မြှောက်ပင့်ထောက်ပံ့အားပေးနေမှုများသည် အလံနီကွန်မြူနစ်ပါတီလမ်းစဉ်အတိုင်းဖြစ်၍ မြန်မာပြည်မှအကြမ်းဖက်မှုများကို ပြည်သူများနှင့်လက်တွဲ၍ အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်ကြရမည်ဖြစ်ပါ ကြောင်း။ ။